အလုပ်အတူတူသွားတော့ ကားပေါ်မှာ မေးသည်
"စာချုပ်ကဘယ်လောက်ချုပ်ထားတာလဲ အလုပ်က"
"၅နှစ် CEOပြောင်းမလာခင်ကချုပ်လိုက်တာ"
"ထွက်လိုက်တော့ လျော်ကြေးဘယ်လောက်ဖြစ်ဖြစ်ငါရအောင်ရှာပေးမယ်"
"Min အခုရတဲ့လစာရဲ့၉ဆကိုလျော်ရမှာ အဲ့တာကျနော်တို့ရှာထားသမျှတောင်မလောက်ပါဘူး"
"အဲ့တော့မင်းက၅နှစ်တိတိအဲ့ကောင်နဲ့နေမယ်ပြောတာလား"
"Min မယုံတာကိုသိတယ် Jungkookက-"
"Jungkook?မင်းရဲ့အထက်လူကြီးကိုအဲ့လိုပဲခေါ်တာလား အဲ့တာကအိပ်ရာထဲမှာခေါ်တဲ့နာမည်နဲ့ပိုတူတယ်"
"Min! Kimgiကိုရခဲ့တာကတစ်ညတာအမှားပဲ နေချင်တိုင်းနေပြီးရခဲ့တာမဟုတ်ဘူး!"
"မင်းတို့ညစ်ပတ်တဲ့ကိစ္စတွေမှာငါ့သမီးကိုထည့်မပြောနဲ့"
"ကားရပ်ပေး"
Minကစိတ်လေးတောင်ဆိုးလို့မရ ၂ခါတာင်ပြောစရာမလို ကားကိုတစ်ခါထဲလမ်းဘေးထိုးရပ်သည်
ကားပေါ်ကဆင်းလာတော့ တစ်ခါထဲမောင်းထွက်သွားသည်
Minရဲ့ကျနော့်အပေါ်ပထမဆုံးလျစ်လျူရူ့ခြင်းဖြစ်သည် ဒီနေ့မနက်ကနေသာနေပေမယ့်ကျနော့်အတွက်တော့မလှပနိုင်ပါ
အိမ်ထောင်သက်၃နှစ်အတွင်းအကြီးအကျယ်စကားများဖူးတာ ပထမဆုံး ဖြစ်သည်
Hotelထိလမ်းလျှောက်ချင်ပေမယ့်လဲ ၉နာရီထိုးလုပြီမို့ Taxiတစ်စီးငှားစီးလိုက်သည်
ရုံးခန်းရောက်တော့
"ဥက္ကဠ ပခုံးသက်သာလား""ဘာဖြစ်လာတာလဲ"
ပျက်ယွင်းပြီးငိုချချင်နေတဲ့မျက်နှာကိုသူက ကြည့်ကာမေးသည်
မင်းပဲအဲ့လိုဖြစ်စေချင်လို့မွစာကြဲအောင်ကိုက်လွှတ်လိုက်တာမဟုတ်လား
"ဘယ်သူကမင်းကိုဒီလိုဖြစ်စေတာလဲ ဟိုကောင်လား"
ကျနော်ပြန်မဖြေတော့ ဇတ်ခနဲထရပ်သည်
"စားဖိုဆောင်သွားမယ်"
"ဗျာ"
"Main Chefရဲ့လက်ရာကိုစားကြည့်ချင်တယ်"