Basketball ကစားဖို့Americaကိုလာတာ အခုတော့အသဲကွဲပြီးအရက်သမားဖြစ်နေတာ၁လကြာပြီ
နေ့စဉ်နဲ့အမျှနှိပ်စက်နေတဲ့Taehyungရဲ့ရယ်သံတွေ..
ချစ်တယ်လို့တဖွဖွပြောနေသံတွေ...
ဟက် Jeon Jungkook ဘယ်လိုတောင်စုတ်ပြတ်နေလဲ..
စိတ်ကိုစုစည်းကာဘောလုံးကိုယူရင်းလေ့ကျင့်ကွင်းထဲသို့...
၆လတိတိမရက်မနားလေ့ကျင့်ခဲ့အပြီးမှာ ပခုံးကအရွတ်ပြဲသွားသည်
၁နှစ်အနားယူဖို့အကြံပေးသည် မနားဘူးKoreaကိုမြန်မြန်ပြန်မှာ...
ဆက်ကစားရင်ပခုံးကသုံးရမှာမဟုတ်တော့သလို basketballကိုလဲဘယ်တော့မှထပ်ကစားလို့ရမှာမဟုတ်တော့
ချစ်ရတဲ့basketballကိုအနာကျင်ဆုံးနည်းနဲ့လမ်းခွဲခဲ့သည်
ချန်ပီယံဖြစ်ကိုဖြစ်ရမည် တန်ဖိုးအရှိဆုံးအရာကိုကိုပစ်ချခဲ့သေးတာပဲမဟုတ်လား...
ပြီးတာနဲ့Americaမှာစီးပွါးစီမံတက်မည်
ဒါပြီးရင်Taehyungဆီကိုပြန်မည်....
1နှစ်အကြာမှာချန်ပီယံဖြစ်ခဲ့သည်... စွန့်လွှတ်ခဲ့ရတာတော့ကျနော့်ပုခုံးတစ်ဖက်...သုံးလို့မရတော့သလို ကော်ဖီခွက်ကိုင်ဖို့တောင်အနိုင်နိုင်...
၂နှစ်အကြာမှာ Yale Universty တွင်စီးပွားစီမံနဲ့ဘွဲ့ယူနိုင်ခဲ့ပြီ...
၃နှစ်ပြီးတော့... ခြေချမိတဲ့Koreaမြေ...
ဒီမြေမှာKim Taehyungရှိတယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့ ရင်ထဲမှာကြည်နူးမှုအပြည့်နေရာယူသည်
အဖေကမေးတယ် ဘာလို့ကစားသမားဘဝကိုစွန့်လွှတ်ခဲ့လဲ...
ဘာလို့အားလုံးထဲမှာမှShangrila Hotelလဲတဲ့...
အဖြေက Kim Taehyung...
***
Kimgi လေး၂နှစ်ထဲရောက်တော့ ကျနော်ကMinနဲ့အတူShangrila Hotelမှာပဲအလုပ်ဝင်ခဲ့တယ် ကျနော်ကofficeပေါ့Minကတော့နာမည်ကျော်Chefတစ်ယောက်ဖြစ်နေပြီ
Yoon Chaeက သမီးနဲ့အတူနေပေးသည် ချစ်ဖို့ကောင်းတဲ့ယောင်းမလေးပေါ့
၃နှစ်ထဲရောက်မှမူကြိုစထားမည်လို့ ဆုံးဖြတ်ထားတာမို့၁နှစ်လောက်ကိုYoon Chaeနဲ့ခဏလွှတ်ထားပေးရမည်