Part 24

22.1K 2.3K 147
                                    

Min ကသူရဲ့ဆိုင်ဖွင့်ပွဲကိုဖိတ်ထားပေမယ့် သွားလို့ဖြစ်ပါ့မလား သူ့အမေနဲ့တွေ့မှာကို စိုးသည်

၃နှစ်ပြီးတော့Hotelကနေအလုပ်ထွက်သွားတဲ့Minက 5starအဆင့်ရှိတဲ့ restaurant ကြီးကိုပိုင်ခဲ့ပြီ

Minအဆင်ပြေနေတာမြင်တော့ကျနော်ဝမ်းသာတယ်

မနေ့ကMinအမေရောက်လာခဲ့သည်

"ရော့ ဒီစာချုပ်ကိုလက်မှတ်ထိုးပေးပါ"

Minနဲ့ခွဲနေတာ၅နှစ်မြောက်... Minကကျနော့်ကိုလွှတ်မပေးခဲ့သလိုကျနော်ကလဲ တစ်ခါမှမတောင်းဆိုဖူးဘူး Min အမေကတော့ မကြာခဏ ပေါ်လာပြီး တစ်ခုမဟုတ် တစ်ခု ပြောတတ်သည်

"Hyung သိလို့လား အန်တီ"

"နင်ငါ့သားကိုဘယ်အချိန်ထိ ဖမ်းဆွဲထားမှာလဲ ငါ့သားကိုနှိပ်စက်လို့အားမရသေးဘူးလား ဘာလဲ ငါ့သားကဆိုင်တွေပိုင်နေပြီဆိုတော့ နင်ကလောဘတက်နေပြီလား"

သမီးရဲ့အဖေရင်းကJungkookမှန်းအန်တီမသိလို့လို့မှတ်ယူလိုက်ပါမယ်

"Hyung စိတ်ဆုံးဖြတ်ပြီးတဲ့နေ့ကျရင် ချက်ချင်းထိုးပေးပါမှာ အန်တီဝင်ပါစရာမလိုပါဘူး"

"အမလေး ကျွေးတဲ့လက်ကိုပြန်ဟပ်ချင်နေတာ"

အကျိုးအကြောင်းပြောတော့လဲမဟုတ်ရ စိတ်ပျက်စရာကောင်းသည် Min တို့အိမ်နဲ့ ကောင်းသော ခွဲခွါခြင်းနဲ့ ခွဲခွါချင်ပေမယ့် ဒီလို အခြေအနေအထိ ရောက်လာခဲ့သည်

"ငါ့သားက နင့်ကိုဘယ်အချိန်ထိထောက်ပံ့နေရမှာလဲ နင့်ရဲ့မျက်ရည်တွေနဲ့ချူစားလို့မပြီးသေးဘူးလား"

သူမထင်တာကိုပြောနေတော့တာပဲ.. Minသိရင်ကျနော့်ကိုဘယ်လောက်များအားနာလိုက်မလဲ

"ငါ့သားလဲ လက်ထပ်ရဦးမှာလေ Kim Taehyungရဲ့ ကျေးဇူးပြုပြီး ငါ့သားလေးကိုလွှတ်ပေး-"

"ဒီမှာ ဘွားတော် ခင်ဗျားသားရဲ့ဆိုင်ကကျနော့်ဆီမှာ ၃နှစ်လောက်ကြိုးကြိုးစားစားဟင်းချက်ပြီးမှ ဖွင့်လို့ရခဲ့တာ ကျနော့်သမီးနဲ့Taehyungကို အဲ့လိုဆိုင်အစုတ်ကိုအနားတောင်မကပ်ခိုင်းဘူး ရူးနေလဲ ဝေးဝေးသွားရူး Taehyungကိုခေါ်ပြီးပေါက်တတ်ကရတွေလာလာမပြောနဲ့ စောက်ရူးလို"

Falling in TaeWhere stories live. Discover now