"Pa ကသေချာပြောပေးပါမယ် Kimgiလေးစိတ်မပူနဲ့နော်"
"အင်း"
တာ့တာပြကာမူကြိုထဲပြေးဝင်သွားသည်
Busကားပေါ်တက်လာခဲ့လိုက်သည် ဆေးရုံကိုပဲအလုပ်တက်ရမည်လေ
မနေ့ညက ပြဿနာကို ပြန်တွေးမိတော့ သက်ပြင်းချမိပြန်သည်
ကျနော်ဆေးရုံကိုရောက်လာတော့ ကိုယ်ရံတော်ချာကပျော်သွားဟန်
"ကျေးဇူးတင်လိုက်တာ အတွင်းရေးမှူးကင်ရယ်"
"ဘာလို့လဲ"
"ဆရာဝန်ကCT scanအဖြေရပြီပြောလို့သွားနားထောင်ရမှာ ကျနော်ကလဲနားမလည်တော့ ဥက္ကဠကိုအတူသွားရအောင်ခေါ်တာကို မလိုက်ဘူးလုပ်နေတယ် ပြီးတော့ညကလဲ-"
"ကိုယ်ရံတော်ချာ မင်းအတော်တိုင်ကြောထူပါ့လား"
Jungkookကလှမ်းအော်ပြောသည်
"ငါဆရာဝန်နဲ့သွားတွေ့ဦးမယ်"
"Taehyung...ငါဗိုက်ဆာတယ်"
"ကိုယ်ရံတော်ချာ သူ့ကိုကျွေး-"
"မစားဘူး မစားတော့ဘူး!"
ခုတင်ပေါ်ကနေ လှမ်းအော်ပြောသည် ဒီနေ့ရဲ့ အကြိမ်နှစိဆယ်မြောက်သော သက်ပြင်းကိုချလိုက်သည် Jungkook ကနေမကောင်းတဲ့အခါတိုင်း ကလေးလို ရစ်တတ် ဆိုးတတ်သည်
"ဘာစားချင်လဲပြော"
"မစားတော့ဘူးလို့"
"Jungkook ဒီလိုပုံနဲ့ဘယ်လိုဥက္ကဠလုပ်နေလဲ ငါနားမလည်နိုင်ဘူး"
"ဥက္ကဠလဲ နေမကောင်းဖြစ်တတ်တယ်"
"နေမကောင်းတာကိုပြောတာမဟုတ်ဘူး ဒီလိုပေစောင်းစောင်း လုပ်နေတာကိုပြောတာ ငါမရှိတော့ရင် မင်းဘယ်လိုလုပ်မလဲ"
သူက မျက်နှာညှိုးကျသွားပြီး ဖျော့တော့တော့ ပြုံးသည်
"မင်းမရှိရင်လား.. ဟုတ်ပါရဲ့ မင်းမရှိတာကိုမစဉ်းစားဖူးဘူး သေချာတာကတော့ မင်းကိုမြင်ရတဲ့နေရာမှာပဲငါနေနေမယ်ထင်တယ်"
"Laptopပါတယ်မဟုတ်လား ငါအလုပ်လုပ်ဦးမယ်"
သူစိတ်မကောင်းဖြစ်သွားသည် သေချာတာကငါမင်းနားမှာအမြဲမရှိနိုင်ဘူး မင်းကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ရမယ်