သူ့နားကိုထိုင်ချလိုက်ပြီး မျက်နှာကိုကြည့်ဖို့လုပ်တော့ အကြည့်မခံပါ
"မကြည့်နဲ့ ငါ့ရဲ့ဒီပုံစံကိုမင်းမြင်မှာမကြိုက်ဘူး"
"အပြင်မှာအကြာကြီးမနေနဲ့နော်"
ကျနော်တတ်နိုင်တာ ဘာမှမှမရှိပဲ.. သူ့ကိုကျောပေး ထွက်လာလိုက်သည်
သူပြောလိုက်တဲ့စကားကြောင့် ခြေအစုံတို့ရပ်သွားသည်
"ကိုင်တဲ့သူမရှိတဲ့phကို ငါတစ်နေ့ကိုဘယ်နှခါခေါ်ခဲ့လဲမင်းသိလား! ငါ့ဆီကိုKoreaနံပါတ်နဲ့phဝင်လာတိုင်းငါဘယ်လောက်ရင်ခုန်ခဲ့ရလဲမင်းသိလား!ဘယ်လိုဖြစ်ပြီးငါ့ကိုတစ်ခါလေးတောင် မဆက်သွယ်တာလဲTae..."
လက်မထပ်ခင်ကတည်းက Minကphကဒ်ကိုလွှင့်ပစ်ခဲ့တာ
"မင်းသူငယ်ချင်းတွေဆီ ကျောင်းကBallet အသင်းဆီငါမရမကဆက်သွယ်စုံစမ်းခဲ့ပေမယ့် Daeguကိုပြန်သွားပြီးလက်ထပ်သွားတာကလွှဲရင်ဘာမှမသိရဘူး ငါ့မှာဘာမှတတ်နိုင်တဲ့အင်အားမရှိခဲ့လို့ဒီလိုဖြစ်တာ အခုမတူတော့ဘူး ငါကြိုက်တာအကုန်လုပ်လို့ရပြီ မင်းကိုထပ်ပြီးဆုံးရှုံးမခံတော့ဘူး"
အခန်းထဲရောက်သည်အထိ လူကခြေတုံချတုံ ဖြစ်နေသေးတုန်းပဲ
အဲ့ဒီတည်းကသူငယ်ချင်းရယ်များများစားစားမရှိတာမို့
Jungkookဆက်သွယ်လို့ရမယ့်တစ်ဦးတည်းသောလူက ဂျယ်ဟော့...ဖုန်းခေါ်လိုက်သည်
"Hello ဂျယ်ဟော့လား ငါမေးချင်တာလေးရှိလို့ လွန်ခဲ့တဲ့၃နှစ်ကလေ.... Jungkook... သူမင်းကိုဆက်သွယ်လာသေးလား"
"အင်း...အဲ့တုံးကJeon Jungkookဆက်သွယ်လာသေးတယ်"
"ငါ့ကိုဘာလို့မပြောခဲ့တာလဲ"
"စီနီယာMinကငါ့ကိုလာရှာခဲ့တယ် မင်းကသူ့ကလေးလွယ်ထားရလို့ jungkookဆက်သွယ်လာတဲ့အခါမင်းကိုမပြောဖို့ ငါ့ကိုပြောခဲ့တယ် စီနီယာMinကမင်းရဲ့ဆုံးဖြတ်ချက်တွေကိုမယိမ်းယိုင်စေဖို့လို့ပြောပြီး တောင်းဆိုခဲ့တယ်လေ ငါ့အပြင်balletအသင်းရော ကျောင်းကလူတွေအားလုံးကိုရော Daeguပြန်သွားပြီးလက်ထပ်လိုက်ပြီလို့ပဲသတင်းလွှင့်ခဲ့တာလေ သိတယ်မလား စီနီယာကအသိများတယ်လေ ငါစဉ်းစားကြည့်တော့ မင်းဆိုတဲ့ကောင်ကအဲ့တုံးကJungkookဆိုတာနဲ့ကောက်ကောက်ပါသွားမှာလေ သူ့အကြံကိုလက်ခံခဲ့တယ် မင်းအတွက်ပေါ့"