Part 1(Billionaire's Love)

4.7K 158 0
                                    

မနက်မိုးလင်းနေပြီ ဖြစ်သော်လဲ ကျောင်းပိတ်ရက်မို့ မထချင်။

ညက appaပြောတာတွေ ပြန်ကြားယောင်တော့ ခြုံထားသော စောင်နှင့် သံယောဇဉ် ဖြတ်ရသည်။

ထမင်းစားခန်းမှာ ထိုင်နေသော appaက ကျွန်မကို အကြည့်တစ်ချက်သာ လှမ်းပို့သည်။ တစ်အိမ်လုံး၏ အိမ်ကြီးရှင် သခင်မအဖြစ် ommaက ကျွန်မ ထိုင်လိုက်သည်နှင့် တရစပ် မပြီးဆုံးနိုင်သော ကျည်များ လွှတ်တော့သည်။အကြောင်းမှာ စားလို့ပြီးမှ ရောက်လာသော Park chaeyoung ဆိုသည့် ကျွန်မကြောင့်ပင်။

"Chaeyoung na လေဆိပ်သွားရမယ်နော် ပြင်ထား သူ့ကို မစောင့်ခိုင်းရစေနဲ့"
"nae စားပြီးရင် ပြင်ထားလိုက်မယ် appa"
"အင်း"

ရေချိုးနေရင်း ညတုန်းက appaပြောတဲ့ စကားတွေကို သတိရမိသည်။ အခု လေဆိပ်မှာ သွားကြိုရမည့် သူမှာ chaeအိမ်မှာ နေမည့် သူဖြစ်လေသည်။ appaကို ကြည့်ရသလောက် အရေးကြီးတဲ့ သူတစ်ယောက်ဆိုတာ သေချာသည်။ ဘယ်သူ ဘယ်ဝါဆိုတာလဲ ကြိုမပြော အထီးလား အမလားပင် မသိရပေ။ပြီးတော့ ကတိဆိုလား သွေးစာချုပ်ဆိုလား ရှိသေးသည်။ နားမလည်လို့ မေးပြန်တော့ မသိလိုက် မသိဘာသာ ရှောင်ထွက်သည်။

အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတက်သည့် appaက ခုမှ နားမလည်တဲ့စကားတွေ ပြောသည့်အပြင် ရှောင်ထွက်သွားသေသည်။ အြံ့သလွန်းလို့ ပါးစပ်တောင် မစိနိုင်။ ပါးစပ်ဟောင်းလောင်ဖြစ်နေသည့် ကျွန်မကို နားထောင်ရင်း ပန်းသီးခွာနေသည့် ommaက လက်ထဲက ပန်းသီးတစ်စိတ် ထိုးထည့်လေသည်။ လိုက်ဖက်လှတဲ့ ဇနီးမောင်နှံတွေပင်။

^^^^^^^^^^^^^^^^^^^^^^^^👻

လေဆိပ်ရောက်လို့ ကားနောက်ခန်းထဲမှ နံမည်ကဒ်ပြား ထုတ်မှ ဘယ်သူဆိုတာ သိရသည်။ နာမည်က Kim Jennieတဲ့၊ အသက်က chaeထက် တစ်နှစ်သာ ကြီးပေမဲ့ အတန်းတူတူ တက်ရမည်ဖြစ်သည်။ လေဆိပ်သို့ စောရောက်နေသော အကျိုးကျေးဇူး အနေနှင့် chaeတစ်ယောက် အိပ်ငိုက်နေပြီ ဖြစ်သည်။ appaက အလုပ်ကိစ္စနဲ့ အပြင်ထွက်ပြီး ဖုန်းပြောနေသောကြောင့် နာမည်ကဒ်ပြားအား မေးထောက်ကာ အိမ်မက်ကမ္ဘာဆီသို့။

"ဒီမှာ ဒီမှာ"

ပုခုံးကို ပုတ်လျက် ခေါ်နေသော သူဆီသို့ ဘာလဲဆိုသည့် ပုံစံနှင့် ခေါင်းထောင်ကြည့်လိုက်သည်။

Billionaire's LoveWhere stories live. Discover now