[Unicode]အိပ်ခန်းထဲထိပျံ့လွင့်လာသော စန္ဒရားသံစဉ်တွေ
ကြောင့်ဂျောင်ကုနိုးထလာသည်။ထယ်ယောင်း
အိပ်တာကို စောင့်ပေးမည်ဆိုကာမှ အိပ်ပျော်သွားတဲ့သူ့အဖြစ်၊ နေ့လယ်စာ စားချိန်တောင်ရောက်နေပြီမို့ကမန်းကတန်းကုန်းရုန်းထပြီး သံစဉ်ရဲ့အရင်းအမြစ်အခန်းငယ်သို့ အလျင်ဦးတည်သွားမိတော့သည်။အခန်းရှိတယ်လို့တောင် မထင်ရတဲ့နေရာ၊
ဒီနေရာကိုသူတွေ့ဖူးတာ ပထမဆုံးပဲ ၊
ထယ်ယောင်းကသူ့စန္ဒရားကိုဒီအခန်းမှာထားထားတာလား၊ တံခါးကို အသာလေးဖွင့်ပြီးချောင်းကြည့်
တော့ မှောင်မည်းနေတဲ့အခန်း၏အလယ် စန္ဒရားရဲ့တည်နေရာတည့်တည့်တွင်သာအဝါ
ရောင်မီးသီးနဲ့ ထင်းနေသော ပုံရိပ်လေးက သံစဉ်တွေကြားစိတ်လွတ်ကိုယ်လွတ်စီးမျောနေ
သည်။ဝင်သွားရင်အနှောင့်အယှက်ဖြစ်သွားမှာစိုး
သည့်အတွက်ထိုပုံရိပ်လေးကို အပေါက်ဝတွင်သာ
ဂျောင်ကုငေးမောနေမိသည်။သူ့စိတ်ထဲ ရင်းနှီးမိတဲ့ထိုသံစဉ်က
စိတ်တွေကို တည်ငြိမ်အေးချမ်းစေတဲ့ခံစားချက်၊
ချစ်သူကိုဘေးမှာထားပြီး ကြည်နူးနေရသလို
ခံစားချက်၊လှုပ်ရှားမှုတွေမရှိတော့တဲ့ကမ္ဘာကြီးထဲ နှစ်ယောက်တည်းရှိနေသလို ခံစားချက်လေး၊သဘောကျလွန်းတာမို့ မျက်လုံးမှိတ်စီးမျောရင်းဂျောင်ကုရဲ့နှုတ်ခမ်းထက် အပြုံးရေးရေးလေးဖြစ်ပေါ်လာရသည်။"မောင် ဝင်လာလေ "
သံစဉ်သံအဆုံး ထွက်ပေါ်လာတဲ့ထယ်ယောင်းရဲ့
စကားသံနောက် ဂျောင်ကုခေါင်းငြိမ့်ပြပြီးဝင်လာ
သည်။ ထယ်ယောင်းကသူထိုင်သည့်နေရာ၌ဘေး
အနည်းငယ်ရွေ့ပြီးလက်ပုတ်ပြတော့ဂျောင်ကုလည်းထိုနေရာတွင်သာဝင်ထိုင်လိုက်သည်။