![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
[Unicode]မနက်စာ စားပြီးချိန်မှစ၍ ထယ်ယောင်းသည်
ပစ္စည်းတွေပြောင်းရွေ့တစ်ခန်းဝင်တစ်ခန်းထွက်ဖြင့်အလုပ်ရှုပ်နေသည်။ဂျောင်ကုမှာ ကူပေးဖို့အနားရောက်လာလျှင်ပစ္စည်းတစ်ခုမှထိကိုင်ခွင့်မပေးပဲမျက်လုံးစိမ်းကြီးတွေဖြင့် သတိပေးတတ်သောထယ်ယောင်းကြောင့် ဧည့်ခန်းမှခုံတွင်သာထိုင်နေရပြီးထယ်ယောင်းကိုစိတ်ဝင်တစားငေးကြည့်နေသည်။စန္ဒရားအခန်းမှစက္ကူပုံးတစ်ခုကိုကိုင်ပြီးထွက်လာသောထယ်ယောင်းသည် တစ်စုံတစ်ခုကြောင့်
တုန်လှုပ်နေဟန်မျက်ဆန်တွေကတည်ငြိမ်မှုမရှိတာကြောင့် ဂျောင်ကုအာရုံစိုက်မိသွားသည်။"အသုံးမလိုတော့တဲ့ စာရွက်တွေမို့လို့
မီးသွားရှို့လိုက်ဦးမယ်နော် "သူလည်းမမေးမိပါလျက် မလုံမလဲဖြစ်ပြီး
ခြံဝင်းအနောက်ဘက် ခပ်သွက်သွက်ထွက်သွား
သောထယ်ယောင်းကြောင့် ဂျောင်ကုသံသယတွေ
ပိုကြီးစိုးလာသည်။အနားသို့ရောက်အောင်မသွားပဲ
ခပ်လှမ်းလှမ်းကနေလိုက်ပြီးထယ်ယောင်း
အခြေအနေကိုခိုးချောင်းသည်။စက္ကူပုံးကိုမှောက်ချလိုက်ပြီးမီးခြစ်ဆံခပ်မြန်မြန်
ထုတ်ပြီးမီးရှို့နေပုံကကိစ္စတစ်ခုကိုလက်စဖျောက်နေသလို၊အဝေးမှသူမြင်ရသလောက်စာရွက်တွေကပုံစံတူတွေချည်းပဲ။ရှေ့တစ်လှမ်းတိုးမိသွားတဲ့ သူ့ခြေထောက်က
အရာတစ်ခုကိုနင်းမိသွားသလို ခံစားမိတာကြောင့်
ငုံ့ကြည့်လိုက်သော် ထယ်ယောင်းလက်စဖျောက်
နေတဲ့စာရွက်တစ်ရွက်ပင်ဖြစ်သည်။ကြည့်ရတာ
သယ်သွားရင်း လွှင့်ကျခဲ့သည်ပုံ ။
