[Unicode]"မောင် စားတော့လေ၊ အမေတို့ဆီသွားဖို့နောက်ကျ
နေဦးမယ် "ဂျောင်ကုပခုံးအား ဆုပ်ကိုင်ပြီးသတိပေးလာသော
ထယ်ယောင်းအသံကြားမှဂျောင်ကုမှာမျက်တောင်တဖျတ်ဖျတ်ခတ်သည်။"ဘာတွေတွေးနေတာလဲ ဆန်းဒဝှစ်မကြိုက်လို့လား"
မျက်နှာညိုးနွမ်းစွာဖြင့်သာ ထယ်ယောင်းကိုလှည့်
ကြည့်လာပြီးခေါင်းခါပြသည်။တစ်စုံတစ်ခုကြောင့် ဝမ်းနည်းပူဆွေးနေသလို
ဂျောင်ကု၏ ပုံစံကိုကြည့်ပြီး ထယ်ယောင်းအနား
တိုးကပ်လာပြီး ချော့မြူသလိုခေါင်းကိုအသာအယာ
ပွတ်သပ်ပေးသည်။"ဒီရင်ဘတ်ထဲမှာ တစ်ခုခုလွတ်နေသလိုပဲ "
သူ့ခံစားချက်တွေဖွင့်ဟဖို့ အစချီနေတဲ့ဂျောင်ကု
စကားတွေအား ထယ်ယောင်းငြိမ်သက်စွာဖြင့်သာ
နားထောင်ပေးသည်။"ကိုယ့်မိဘတွေ ရုပ်ကိုမမှတ်မိဘူး၊
ဒါပေမဲ့ ကိုယ့်အမေလို့ခံစားရတဲ့ မျက်ဝန်းတစ်စုံကို
တွေ့တယ်။သူ့မျက်ဝန်းမှာခံစားချက်တွေရောထွေးနေတယ် ၊ စိုးရိမ်ကြောက်လန့်နေတဲ့ အရိပ်အယောင်တွေ ၊ပြီးတော့ သူမျက်ဝန်းထဲမှာပဲ ကိုယ်နွေးထွေးမှု
တွေခံစားရတယ် ။ အဲဒါတွေကို ပြန်မြင်ယောင်ပြီး
နောက်ဆုံးအဲအရာတွေကကိုယ်နဲ့အဝေးဆုံးကို ထွက်သွားသလိုလွမ်းဆွတ်တဲ့ခံစားချက်ကြီးဝင်လာတယ်"အားကိုးတကြီးထယ်ယောင်းကိုလှည့်ကြည့်လာတဲ့
မျက်ဝန်းတွေမှာ မျက်ရည်စတွေအပြည့် ..."ကိုယ် ဘာလို့အဲလိုခံစားနေရတယ်ဆိုတာ
ထယ်သိလားဟင်၊ ကိုယ့်ကို ပြောပြပါ ကိုယ့်ဖြစ်တည်မှုရဲ့ အမှန်တရားကို ကိုယ်သိချင်တယ် ။မဖုံးကွယ်ထားပါနဲ့တော့ ကြာရင်ကိုယ်ရူးသွားမယ်"