[Unicode]ဝါဖျော့ဖျော့ဖယောင်းတိုင်မီးရောင်အောက်မှာ
အနုစိတ်ခြယ်မှုန်းထားသောပန်းချီကားချပ်နှယ်
ရှူမဝလှချင်တိုင်းလှနေသောသက်ရှိလူသားလေးအားဂျောင်ကုတစ်ယောက်မေးထောက်ရင်း ငေးမောနေသည်မှာ အချိန်အတော်ကြာပြီ။မျက်လုံးချင်းဆုံမိလျှင် ရှက်ကိုးရှက်ကန်း
မျက်ဆံလေးတွေလွှဲတတ်သွားတဲ့ထယ်ယောင်းသည်တစ်ချိန်ကသူအပေါ်ပွတ်တီးပွတ်သပ်ချွဲနွဲ့ကာချစ်ခဲ့ဖူးတဲ့လူတစ်ယောက်မဟုတ်ခဲ့သလိုပင် စိမ်းသက်သက်နဲ့သူ့အားရှက်ရွံနေသလို..."မောင် ဘာလို့အဲလိုကြီးစိုက်ကြည့်နေတာလဲ "
သူထင်သည့်အတိုင်းပင်နောက်ဆုံးသူ့အကြည့်တွေကိုမခံနိုင်တော့ထယ်ယောင်းမှစကားသံတွေထွက်လာပြီ။
"မြတ်နိုးလို့ပေါ့ ထယ်ရယ်...
ကိုယ်အမြတ်အနိုးဆုံးအရာလေးတစ်ခုကို
တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးရတဲ့ခံစားချက်က
ဘာနဲ့မှမလဲနိုင်ဘူး "သူ့စကားဆုံးတော့ ထယ်ယောင်းကရှက်ပြုံးလေးနဲ့
ခေါင်းငုံ့သွားသည်။ ထယ်ယောင်းရဲ့အပြုံးကို ငေး
မောနေရင်းမှ ည၈နာရီအချက်ပေးမြည်သံကြောင့် တစ်စုံတစ်ခုကို ချက်ချင်းသတိရသွားတာမို့ ခပ်လှမ်းလှမ်းထိုင်နေသောထယ်ယောင်းအနားလှမ်းလျှောက်သွားပြီး လက်ဆွဲခေါ်ကာ ချိတ်ပိတ်ထားတဲ့မျက်နှာချင်းဆိုင်အခန်းသို့
ဦးတည်သွားသည်။"မောင် ဘယ်လဲ ... ဟင် "
ထယ်ယောင်းရဲ့စကားသံတွေသည် ပွင့်အာသွားသောတံခါးချပ်တွေနောက် တစ်ဝက်တစ်ပြတ်ရပ်တန့်သွား
ပြီး မြင်ကွင်းမှ မင်္ဂလာဝတ်စုံကို အံ့ဩမင်သက်စွာကြည့်နေမိသည်။