![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. [Unicode]
နာရီအနည်းငယ် လေယာဉ်စီးပြီးနောက်
ဦးတည်ခဲ့သော ဂျပန်မြေသို့ရောက်ရှိခဲ့ပြီ။"မောင် ... သွားရအောင် နာရီဝက်လောက်
ကားဆက်စီးရဦးမယ်"အငှားကားပေါ် ပစ္စည်းထုတ်တွေတင်နေရင်း
လှမ်းခေါ်လိုက်သော ထယ်ယောင်းကြောင့်
ဂျောင်ကုမှာပတ်ဝန်းကျင်ငေးနေရာမှထယ့်ဆီ
အပြေးလေးသွားလိုက်သည်။ခရီးစဉ်တောက်လျှောက်သူဟာ မကျွမ်းကျင်သောထိုနယ်မြေ၌ ထယ့်ဦးဆောင်ရာနောက်သို့သာ
တကောက်ကောက်လိုက်ရသည်။"ထယ်... ကိုယ့်မိဘဆီသွားကြမယ်မဟုတ်ဘူးလား"
ဂျောင်ကုမှာဘေးဘီကိုဝေ့ကြည့်ရင်းမှ ချိတ်ပိတ်ထားသောအိမ်အဟောင်းအားသော့ဖွင့်နေသောထယ်ယောင်းကိုလှည့်ကြည့်ပြီးမေးလိုက်သည်။
"ဟုတ်မနက်ဖြန်ကျမှသွားကြတာပေါ့။ဒီအိမ်မှာပဲ
လွတ်လွတ်လပ်လပ်အရင်နေကြရအောင်
ဒါ ထယ့်အိမ်ပဲ""ထယ့်မိဘတွေကရော ဂျပန်မှာပဲမဟုတ်လား ...
အာကိုယ်သိပြီ"
တစ်စုံတစ်ခုကိုချက်ချင်းတွေးမိပြီးသဘောပေါက်
သွားတော့မှစကားကိုရပ်တန့်ပစ်သည်။အိမ်ကနေထိုင်တဲ့လူမရှိပေမယ့်သူတို့လာတည်းမယ်ဆိုတော့မှထယ်က သန့်ရှင်းရေးလုပ်ဖို့ လူငှားထားဟန်၊ပရိဘောဂပစ္စည်းတွေများများ
စားစားမရှိပေမယ့်တစ်အိမ်လုံး သန့်ရှင်းနေသည်။အမှန်ဆို အခုလိုပင်ပင်ပန်းပန်းအစီစဉ်ဆွဲမယ့်အစား
သူ့မိဘအိမ်မှာတည်းခိုလို့ရသားပဲဟု တွေးမိပေမယ့်
ထယ်လွတ်လွတ်လပ်လပ်နေချင်လို့နေမှာပါဟု
ဖြည့်တွေးလိုက်မိသည်။
