[Unicode]
မနက်ခင်းတစ်ခုတွင်ထယ်ယောင်းသည်အိပ်ရာမှနိုးနိုးချင်းပြတင်းပေါက်ဘောင်ပေါ်၌ မေးလေးထောက်ပြီးကောင်းကင်ကြီးကိုငေးကြည့်နေသည်။ပြာနုနုကောင်းကင်ထက်၍ တိမ်မျှင်လေးတွေဖြတ်ပြေးနေပုံကိုကြည့်
ရရင်ဒီနေ့ကခါတိုင်းနေ့ထက်ရာသီဥတုသာယာ
သောနေ့ကလေးပင်ဖြစ်သည်။သာယာသောမနက်ခင်းလေးမှာ မောင်ကရောအခုချိန်လောက်ဆို ကျောင်းကသူငယ်ချင်းတွေနဲ့ခရီးစဉ်ကို
ပျော်ပျော်ကြီးလိုက်သွားလေမလား။ထိုကိစ္စနှင့်ပက်သက်ပြီးစကားများခဲ့တဲ့ ညကအချိန်ကိုပြန်တွေးမိတဲ့အခါထယ်ယောင်း
ရဲ့မျက်နှာလေးမှုန်ကုတ်လာပြီးနှုတ်ခမ်းလေးကအလိုမကျစွာဖြင့်စူထွက်လာသည်။ပျော်ထားပါစေဦး သူငယ်ချင်းနဲ့ချစ်သူ ကြား
သူငယ်ချင်းကို ပျော်ပျော်ကြီးရွေးသွားတဲ့မောင့်ကို
မှတ်လောက်အောင်သူစိတ်ဆိုးပစ်မည်ဟုတွေးလိုက်သည်။အတွေးတွေမှမဆုံးခင် အိမ်ရှေ့ထိုးရပ်လာသော
ကားတစ်စီး၊ကားထဲမှမောင့်ပုံရိပ်လေးကိုမြင်တော့ထယ်ယောင်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးရယ်လိုက်ပြီး
မောင်အခန်းထဲမလာခင်အမှီရေချိုးခန်းထဲအမြန်ပြေးဝင်သန့်စင်ဖို့လုပ်ရသည်။မောင်နှင့်ထယ်ယောင်းကြားမှာ စိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေရှားပါးတာ အခုလိုကြောင့်၊မောင်က အငယ်ဆိုပေမယ့် ထယ်ယောင်းကိုအမြဲအလျော့ပေးဆက်ဆံသည်။
.
.
."ထယ်..."
ရေချိုးခန်းထဲမှပြန်ထွက်လာတော့ အခန်းထဲရောက်နှင့်နေပြီးသောမောင်ကထိုင်ရာမှချက်ချင်းထရပ်ပြီးမျက်နှာငယ်လေးနဲ့ သူ့အနားရောက်လာသည်။