![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
[Unicode]"ကျွန်တော် ထယ့်ကိုချစ်တယ်။
ထယ်လည်းကျွန်တော့်ကိုချစ်နေတယ်မဟုတ်
လား။ကျွန်တော်တို့ တွဲရအောင်""ဟား ဟား ... "
ပန်းခြံနားက ကစားကွင်းထဲထယ်ယောင်းရဲ့
ရယ်သံတွေသာဖုံးလွှမ်းသွားသည်။ထိုလှောင်ရယ်သံကြောင့်ဒန်းပေါ်ကကောင်လေးကတော့ မျက်ခုံးတန်းတွေ စတင်ပြီးစုကုပ်လာသည်။"မင်း အဲbanana milkဖြတ်နိုင်တဲ့နေ့ကျရင်
ငါတွဲမယ်"ထယ်ယောင်းစကားဆုံးဆုံးခြင်း မြေပြင်ပေါ်
လှိမ့်ကျသွားတဲ့ နို့ဗူးလေးကြောင့် ထယ်ယောင်းမှာမျက်လုံးလေးပြူးကျယ်လို့ ။"တွေ့လား ထယ့်ကိုပဲရွေးချယ်မှာမို့
ကျွန်တော်သိပ်ကြိုက်တဲ့အရာတစ်ခုကိုစွန့်လွှတ်လိုက်တာ။စကားတည်နော်ရည်းစားလုပ်ရအောင် "မျက်ဝန်းစူးစူးတွေနဲ့ ဆွဲယူညို့ပြီးတစ်လှမ်းခြင်းတိုးလာတဲ့ ကျောင်းသားလေး မောင်ကြောင့်
ထယ်ယောင်းမှာ ရင်ခုန်သံကမောက်ကမနဲ့
ခြေထောက်ပင်မခိုင်ချင်တော့ ။"ထယ် ... "
"မင်းအဲလိုထပ်ပြောရင် ...
ငါ မင်းနဲ့ အဆက်အသွယ်ဖြတ်မှာနော် "" ထယ် မဖြတ်နိုင်ပါဘူး "
ပိုင်ပိုင်နိုင်နိုင် ပြောလိုက်သောထိုစကားအဆုံး
ထယ်ယောင်းရဲ့လက်ချောင်းလေးတွေကိုဆုပ်ကိုင်
လာသောအခါ ထယ်ယောင်းမျက်လုံးလေးတွေ
ဂဏာမငြိမ်ဖြစ်ရသည်။"ဒီနေ့ကို ပထမဆုံးနေ့လို့သတ်မှတ်လိုက်ပြီနော်"
ထယ်ယောင်းခေါင်းလည်းမငြိမ့်မိသလိုခေါင်းလည်းမခါမိ၊သို့ပေမယ့်ထိုနေ့ကစပြီးနှစ်ဦးလုံးရဲ့ဆက်ဆံရေးတွေသိသိသာသာ ပြောင်းလဲလာခဲ့ကြသည်။
သူငယ်ချင်းအဆင့်ထက်ပိုတဲ့ချစ်သူရည်းစားအဖြစ်သို့ပေါ့။
