![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
[Unicode]မနက်ခင်းတစ်ခု၌ ထယ်ယောင်းရဲ့ခြေအစုံတို့သည်
မောင်၏အိမ်ရှေ့သို့ရောက်ရှိလာသည်။ညက မောင်ထွက်သွားတဲ့ပုံရိပ်နှင့်မနက်ခင်းဖုန်းမှအဝင်စာစောင်မရှိတာကြောင့်မောင်စိတ်ဆိုးသွားလေမလားဟုစိတ်ကြောင့်မောင်ရှိရာအရပ်သို့ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။"သားထယ်ယောင်း ... လာလာ အိမ်ထဲဝင်"
မောင်ရဲ့အမေဖြစ်သူက အိမ်ရှေ့မှာရပ်နေတဲ့
ထယ်ယောင်းကိုတွေ့တော့ ပြာပြာသလဲတံခါးလာ
ဖွင့်ပေးသည်။"ဂျောင်ကုရောဟင်"
မောင်ရဲ့အမေက ကော်ဖီတစ်ခွက်နှင့်ဧည့်ခံစဉ်
တစ်အိမ်လုံး၌မောင်ရဲ့အရိပ်အယောင်ပင်မတွေ့တာမို့ထယ်ယောင်းလှမ်းမေးလိုက်သည်။"ဂျောင်ကုကီလေးက ဖျားနေတယ်၊
ညကဆရာဝန်ပါခေါ်လိုက်ရတဲ့အထိ အဖျားကြီးနေခဲ့တာ၊မှန်ချပြီးကားလျှောက်မောင်းနေတော့ လေစိမ်းတွေကြောင့်ဖြစ်မယ်။ တွေ့ချင်ရင် သူ့အခန်းထဲဝင်သွားလိုက်လေ၊ လှေကားရဲ့ ဘယ်ဘက်ခန်းကွေ့လိုက်
ပထမဆုံးမြင်ရတဲ့အခန်းပဲ"စကားတွေတရဆက်ပြောပြီး လှည့်ထွက်သွားတဲ့
မောင်ရဲ့အမေ၊လင်မယားနှစ်ယောက်လုံးအဝတ်အစားတွေလက်ကိုင်အိတ်တွေပြင်ဆင်နေပုံထောက်ရင်အလုပ်သွားကြတော့မည်ပုံ။ထယ်ယောင်းမှာကော်ဖီတစ်ငုံသောက်ပြီး လှေကားကိုသာလှမ်းကြည့်လိုက်သည်၊ သူတို့နှစ်ယောက်ထဲကမိဘတွေနှင့်ပိုရင်းနှီးကြတာဆိုရင် မောင်သာဖြစ်လိမ့်မယ်၊ မောင့်မိဘတွေက အလုပ်ကိုသာဦးစားပေးသည့်
လူမျိုးဖြစ်တာကြောင့် သီးသန့်တွေ့ဆုံဖို့ခဲယဉ်းလှ
သည်။အခုအကြိမ်နဲ့ဆို မောင့်အိမ်သူရောက်ဖူးသာ
သုံးကြိမ်မြောက်သာရှိဦးမည်၊ရောက်သည့်အခေါက်တိုင်းလည်းမောင့်အခန်းကိုသူမမြင်ဖူးပါ၊အိမ်ရောက်တိုင်းစားစရာသောက်စရာတစ်ခုခုနှင့်မောင်ဧည့်ခံပြီးအပြင်မှာသာအချိန်ကုန်ဆုံးလေ့ရှိကြ
စမြဲ ။
