24

5.8K 761 39
                                    

[Unicode]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]

နံရံထက်မှပန်းချီပုံ​လေးပိုပြီး ပြီးပြည့်စုံဖို့အနက်​ရောင်
​ဆေးကိုဖြည့်ပြီးတဲ့အခါစုတ်တံကိုင်ထား​သောသူ၏
လက်​ချောင်းတို့သည်ရပ်တန့်သွားသည်။ထို့နောက်
အသက်မပါ​​သောခပ်တိုးတိုးလှောင်ရယ်သံပြုရင်း ...

ဘာလို့ ​သေဆုံးပြီးသားလူတစ်​ယောက်ရဲ့မျက်ဝန်းပုံကို
ဆွဲ​နေမိပါလိမ့်၊ ဒီ​လောက်စက်ဆုပ်ရွံရှာဖွယ်​ကောင်းတာ
ကို မဟုတ်မှ ထိုအရာ​တွေကသူ့ကိုစိတ်​ကျေနပ်စရာ
​ကောင်း​​စေလို့လား ၊ စိတ်​စေပြီး ​ရေးဆွဲမိတဲ့ကိုယ့်လက်
​ချောင်း​တွေကိုပင် မယုံနိုင် မနှစ်မြို့စရာအရာတစ်ခုဖြစ်
​ပေမယ့် ဝန်ခံချင်တယ်နံရံ​ပေါ်က​လျှောက်ခြစ်ထားတဲ့အရာ​တွေကိုကြည့်ပြီးသူပျော်ရွှင်ရတယ်။
စိတ်လှုပ်ရှားစရာကောင်းတယ်။သူ နှင့်ထယ်​ယောင်းကြားက အ​နှောင့်အယှက်​တွေ ဤကမ္ဘာ​ပေါ်မှာမရှိ​တော့ဘူးဆိုတဲ့အသိနဲ့စိတ်ကျေနပ်လို့မဆုံး။

.
.
.

မနက်ခင်းအလင်း​ရောင်တန်းမှအိပ်ခန်းထဲပြန်လာ​တော့
အိပ်ယာနိုးနိုးချင်း ​စောင်​တွေ​ခေါက်သိမ်း​နေ​သော
ထယ်​ယောင်းကို​တွေ့လိုက်ရသည်။ ထယ်​ယောင်းက​တော့
သူဝင်လာတာကို သိ​သော်ငြားအ​ရေးတယူပြုခြင်းမရှိ
လုပ်စရာရှိတာကိုသာလုပ်​​နေသည်။

ညတုန်းက စကား​တွေ​များကြရင်းလက်လွန်ခဲ့ကြတာ
ကိုယ့်အမှားမို့လို့ ထယ်​ယောင်းစိတ်ဆိုး​နေတာဖြစ်မှာပါ၊
မနက်စာ စားချိန်မှ​အေး​ဆေးပြန်​ချော့မယ်ဟု​တွေးလိုက်
ပြီး​ရေချိုးသန့်စင်ဖို့ ​ရေချိုးခန်းထဲတန်းဝင်သွားလိုက်
သည်။

အချိန်တစ်ခုကြာ သန့်စင်ပြီးတဲ့အခါလက်မှဒဏ်ရာသည်
​ရေထိမှပိုပြီးစပ်ဖျင်းဖျင်းဖြစ်လာသည်မို့ ပုဝါနှင့်အသာ
​လေးဖိထားမိသည်။

HIDDEN Where stories live. Discover now