25

5.9K 763 28
                                    

[Unicode]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]

"ဆွန်း မင်း​ပြော​တော့ပါတီအ​သေးစားပဲဆို
ဒီ​လောက်လူ​တွေအများကြီး မင်း ငါ့ကိုညာခဲ့တာပဲ "

ထယ်​ယောင်းမှာခန်းမအတွင်းမှလူ​တွေကို​​ဝေ့ဝဲကြည့်
ပြီးမ​ကျေမချမ်း​လှမ်း​ပြောသည်။မွေး​နေ့ရှင်​ယောင်ဆွန်းက သူ့ပါတီမှာ စန္ဒရားတီး​ပေးပါလို့ အခ​ကြေး​ငွေနဲ့
အတင်း​တောင်းဆိုခဲ့လို့လက်ခံ​ပေးလိုက်တာကို အခုလို
ပွဲအကြီးကြီးဖြစ်​နေ​တော့ ထယ်​ယောင်းမှာ ​ယောင်ဆွန်း
အားမျက်​စောင်းလှိမ့်ထိုးရန်သာတတ်နိုင်​တော့သည်။

"အခုလို ပွဲအကြီးကြီးစီစဥ်ထားပြီးမှ မင်းမပါလို့
ဘယ်ဖြစ်မလဲ အမှန်အတိုင်း​ပြောရင်မင်းငြင်းမှန်းသိ
လို့ ညာလိုက်တာ"

"ငါပြန်​တော့မယ် ​ဖေ​ဖေတို့​​​ရောက်လာရင် ဆုံမိလိမ့်မယ်၊
ပြီး​တော့ မီဒီယာ​တွေလည်းအများကြီးငါမ​နေတတ်ဘူး"

"ကျစ် မင်း​တော့​လေတကယ်ပါပဲ စိတ်ကို​​လျှော့ထား
စမ်းပါ"

ချိန်ထား​တဲ့ကင်မရာများစွာကိုကြည့်ရင်း
ထယ်​ယောင်းဘာ​ကြောင့်မှန်းမသိစိုးရိမ်စိတ်​တွေမြင့်တက်​နေခဲ့သည်၊ နာမည်ကြီးအနုပညာရှင်တစ်​ယောက်
ရဲ့​မွေး​နေ့ပွဲသတင်း​ခေါင်းစဥ်မှာ မ​တော်တဆများပါ
မိသွားရင် ​ခိုးထွက်ခဲ့တာကို မောင်မိသွားလိမ့်မယ်။

တတ်နိုင်သမျငြင်းဆန်​နေ​ပေမယ့်​နောက်ဆုံး​တော့
လည်း​ယောင်ဆွန်းဆွဲ​ခေါ်ရာလူပုံအလယ်သို့​ရောက်
သွားခဲ့တယ်။

ထိုချိန် စက္ကန့်ပိုင်းအတွင်းအ​မှောင်ကျသွားတဲ့အခန်းမှာ
မှိန်​ဖျော့​ဖျော့မီး​ရောင်​လေး​တွေအစားထိုးဝင်​ရောက်
လာသည်ကအခမ်းအနားပွဲကို ပိုပြီးခမ်းနား​အောင်တမင်
စီစဥ်ထားခြင်းဖြစ်သည်။

HIDDEN Where stories live. Discover now