[Unicode]
" အင်း ... ထယ် ဘယ်ကတည်းကနိုးနေတာလဲ "
အိပ်ယာနိုးကာစဂျောင်ကုမှာအိပ်ယာထက်အညောင်းအညာဆန့်နေရင်းမှအဝတ်လဲနေသော
ထယ်ယောင်းဘက်လှည့်ပြီး မေးသည်။"နိုးတာကြာပြီ အခုအမေနဲ့ဈေးလိုက်သွားမလို့ "
ထယ်ယောင်းသည်အနားလျှောက်လာပြီး
ဂျောင်ကုနဖူးကိုခပ်ဖွဖွဖိနမ်းရင်းပြန်ဖြေသည်။
မနက်ခင်း ချစ်ရသူဆီမှ အနမ်းလေးရတော့
ဂျောင်ကုမှာကျေနပ်စွာပြုံးပြီးထယ်ယောင်းလက်
လေးကို ဆွဲယူကိုင်ကာမျက်နှာထပ်ဖိကပ်ထားပြီး
မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေးနဲ့ ကပ်ချွဲသည်။"ကိုယ်ရောလိုက်မယ်လေ တစ်ယောက်တည်းမချန်ထားနဲ့ "
"မကြာပါဘူး ဒီနားပဲကို ၊
အိမ်မှာပဲစောင့်နေတော့ ... "အိပ်ယာနိုးကာစ မျက်နှာပြည့်ပြည့်ဖောင်းဖောင်း
လေးနဲ့မောင်က ကလေးတစ်ယောက်လိုချစ်ဖို့
ကောင်းနေသည်မို့ ထယ်ယောင်းလက်နှင့်
အနီးကပ်ဆုံးရှိနေသည့် ပါးဖောင်းဖောင်းတွေကို
ဆွဲညှစ်တော့ ရုတ်တရက်ကြီး နှုတ်ခမ်းအား ဖိနမ်းလာသောမောင်ကြောင့်ထယ်ယောင်းကိုယ်လေးတွန့်သွားသည်။တဖြည်းဖြည်းသိပ်သည်းလာသော အနမ်းထဲ
စီးမျောရင်း ထယ်ယောင်းရဲ့ခန္ဓာငယ်လေးလည်း
အိပ်ယာထက် ပြိုဆင်းလာသည်။" ချစ်တယ် "
နားထဲကပ်တိုးပြောပြီး မေးရိုးတစ်လျှောက်
အနမ်းစိပ်စိပ်လေးတွေရယ်တစ်ဖန်နှုတ်ခမ်းထက်ဆင်းသက်ပြန်တော့ ထယ်ယောင်းမှာ ရင်တလှပ်လှပ်ဖြင့် မောင့်ရင်ဘတ်မှ အင်္ကျီစကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိတော့
သည်။