Final

12.2K 898 121
                                    

[Unicode]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]

ညသန်း​ခေါင်ယံအချိန် သစ်ပင်​တွေအုပ်မှိုင်း​နေ​သော
အိမ်က​လေးဆီမှ စန္ဒရားသံစဥ်​တွေပျံ့လွင့်​နေသည်။

" ​မောင် ဒီအိမ်​လေးမှာ​နေရတာဘယ်လို​နေလဲ "

ပခုံးထက်​ခေါင်းမှီအိပ်စက်​နေ​သော ​မောင့်အား
​စောင်းငဲ့ကြည့်ရင်း ထယ်​ယောင်း​မေးလိုက်သည်။

"​​နွေး​ထွေးတယ် ပြီး​တော့လုံခြုံတယ်လို့ခံစားရတယ်၊
မိုးလင်း က​နေ မိုးချုပ်တဲ့အထိ ထယ့်မျက်နှာကိုပဲ​
ငေးကြည့်ခွင့်ရတာမို့လို့ ကိုယ့်အတွက်​အေးချမ်းတယ်၊
​ကျေးဇူးတင်ပါတယ် ကိုယ့်ဆန္ဒကိုဖြည့်ဆည်း​ပေးလို့"

​မောင့်ကို အမြဲတမ်းအခုလိုပဲအဆင်​ပြေ​နေ​စေချင်တယ်။​မေ့ပစ်ဖို့ခက်တဲ့ အမှား​တွေ​ကြောင့် ​မောင်ဟာ
တစ်ခါတရံ သူ့ကိုယ်သူအပြစ်​ပေးတတ်တာက လက်​ကောက်ဝတ်မှအမာရွတ်​တွေက သက်​သေ ၊ဒဏ်ရာ​တွေက အချိန်ကကုစား​ပေးနိုင်တယ်ဆိုသလိုဒီထက်အချိန်​တွေကြာ​ညောင်းသွားတဲ့အခါ အရာအားလုံးကို ​မေ့ပစ်ပြီး​မောင်အဆင်​ပြေ​ပြေ​နေထိုင်သွားနိုင်ရင်ကောင်းမယ်။

"ထယ် ခြံဝင်းထဲက ပန်း​တွေအစုံပွင့်လာတဲ့အခါကျရင်
ကိုယ်တို့ ပန်းဆိုင်​လေးဖွင့်မလား "

ထူးထူးဆန်းဆန်း​မောင့်အ​တွေး​ကြောင့်ထယ်​ယောင်းမှာ
မျက်ခုံး​လေးပင့်ကြည့်​တော့

"သာမန်လူ​တွေလိုမျိုး​နေထိုင်နိုင်​အောင် ကိုယ်ကြိုးစား
ကြည့်ချင်တယ် ၊ အခု​မဟုတ်ပါဘူး ပန်း​တွေပွင့်မှပါ
အကြာကြီး လို​သေးတယ်မလား "

"စိတ်ချ ​မောင့်သ​ဘောအတိုင်းဖြစ်​စေရမယ်"

သူ့စကားဆုံး​တော့ ​မောင်သည်ခပ်​ရေး​ရေး​လေးပြုံးပြီး
နှုတ်ခမ်းပါးကို ဖိကပ်နမ်းလာသည်။

HIDDEN Where stories live. Discover now