[Unicode]"မောင် ... လက်လွန်မယ် လွှတ်ပေးပါ၊
ကလေးနာနေပြီ ဘာတွေလျှောက်လုပ်နေတာလဲ"သဲကြီးမဲကြီးရွာချနေသောမိုးစက်တွေနှင့်အပြိုင်
အိမ်ခန်းထဲမှာလည်းလည်ပင်းအညှစ်ခံထားရသောခွေးပေါက်စ၏အော်သံ၊ထယ်ယောင်း၏ တုန်ယင်နေသောအသံတွေဖြင့်ညနေခင်းတစ်ခုကအကျည်းတန်လှသည်။"မောင် ကလေးကိုနာကျင်အောင်မလုပ်ပါနဲ့၊
မောင် မကြိုက်ရင်ထယ်စွန့်ပစ်ပေးပါ့မယ်""ဟားဟား ... ဒီကောင်ကိုငါမကြိုက်မှန်းအခုမှသိတာ
လား၊မင်းလင်ငယ်နဲ့ရခဲ့တဲ့ကလေးတစ်ယောက်လို
တစ်နေ့တစ်နေ့လက်ပေါ်က မချနိုင်အောင်ပြုစုနေ
တာတွေကလေ ငါ့ဒေါသတွေထဲလောင်စာတွေထပ်
ဖြည့်နေသလိုပဲ။အဲအကောင်ဆီကရခဲ့တဲ့ အရာမို့လို့ယုယပြနေတာ
မဟုတ်လား၊ဟက်... ငါကိုယ်တိုင်အဆုံးသတ်ပေးမှာ ကြည့်ထား"မကောင်းဆိုးဝါးတစ်ကောင်လို အေးစက်နေသော
မျက်နှာအမူအရာဖြင့်စိတ်လိုလက်ရရယ်မောနေပြီးခွေးပေါက်စရဲ့လည်ပင်းထက်မှသူ့လက်ချောင်းတွေကို အားပိုစိုက်လိုက်သည်။"တောင်းပန်ပါတယ် လွှတ်ပေးပါ၊
မောင်ကျေးဇူးပြုပြီး မကောင်းတဲ့အရာတွေကိုမလုပ်
ပါနဲ့ တောင်းပန်ပါတယ် အ ဟင့် ဟင့် "ရှိုက်ကြီးတငင်ငိုချလာသော ထယ်ယောင်းဆီမှ
မျက်ရည်တွေကိုမြင်တော့သူ့မျက်ခုံးတန်းတွေပိုလို့
တောင်စုကပ်လာသည်။သူတို့နှစ်ယောက်ကြားဝင်လာတတ်တဲ့အရာမှန်သမျှကိုဘာတစ်ခုမှသဘောမကျဘူး၊ အဆိုးဆုံးသူငယ်ချင်းပါဆိုတဲ့အကောင်ဆီမှပက်သက်တဲ့အရာအားလုံးတွေ၊ထယ်ယောင်းရဲ့ သူငယ်ချင်းဆိုတဲ့အကောင်နဲ့ယှဉ်ရင်
အရာရာမှသူနောက်ကျကျန်နေသလိုမျိုး ...