23

5.6K 757 99
                                    

[Unicode]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]

"​မောင်သူငယ်ချင်းနဲ့မိတ်ဆက်​​ပေးမယ်​နော်"

ထယ်​ယောင်းမိဘ​တွေနဲ့သွား​တွေ့မယ်ဆိုပြီးပြင်ပြင်ဆင်ဆင်ထွက်လာပြီးမှ​ကော်ဖီဆိုင်ထဲဆွဲ​ခေါ်ခံရ​သောအခါ
​ဂျောင်ကုမှာမျက်နှာမသာမယာနှင့် ၊

ဆိုင်ထဲအနည်းငယ်လှမ်း​လျှောက်ပြီး​နောက် စားပွဲဝိုင်း
တစ်ခုဆီမှမျက်ဝန်းတစ်ခုကို​တွေ့တဲ့အခါ ​ဂျောင်ကု
အံကြိတ်ထားမိ​တော့သည်။ထိုလူသားက ကမ္ဘာ​ပေါ်က​နေ​ပျောက်ကွယ်သွား​စေချင်တဲ့လူသား၊ လွန်ခဲ့တဲ့ လ​တွေထဲက ထယ်​ယောင်းအနားမှာပိုး​ကောင်လို တွယ်ကပ်​နေတဲ့ရွံစရာသတ္တဝါတစ်​ကောင်။

စက်ဆုပ်ဖွယ်ရာအရာတစ်ခုကို ​တွေ့ မြင်ရသလို
​ဂျောင်ကု၏မျက်နှာအမူအရာကိုထယ်​ယောင်း
သတိထားမိတဲ့အခါ စိုးရိမ်စိတ်​တွေဝင်လာရသည်။

​​ယောင်ဆွန်းနဲ့ပက်သက်ပြီး ​မောင့်ကိုစိတ်ရှင်း​စေချင်လို့
မိတ်ဆက်​ပေးတာအမှားတစ်ခုများဖြစ်သွား​လေမလား။

"ဆွန်း ​ရောက်​နေတာကြာပြီလား "

"ကြာ​ပေါ့ ကူလည်းကူညီရ​သေးတယ် ​အကြာကြီးလည်း​
​စောင့်​နေရတယ် မလွန်လွန်းဘူးလား
ကင်မ်ထယ်​ယောင်း။

​ယောင်ဆွန်းက သူ့အကျင့်အတိုင်းထယ်​ယောင်းကို
စ​နောက်​လေ​သောအခါ ​မောင်ကစူးစူးရဲရဲစိုက်ကြည့်
​လေ​တော့ ထယ်​ယောင်းအားနာလာရသည်။

"​မောင် ဒါက ထယ့်သူငယ်ချင်း လီ​ယောင်ဆွန်း "

"အဟမ်း ငါတို့နှစ်​ယောက်ကို မိဘ​တွေသ​ဘောတူ
ထားတာကိုလည်း ထည့်​​ပြောလိုက်​လေ"

​ဂျောင်ကုမှာ​အေး​အေး​ဆေး​ဆေးပြန်နှုတ်ဆက်ဖို့
လက်ကမ်း​​ပေးလိုက်​ပေမယ့် လျစ်လျူရှုခံရသည့်
အပြင်ယောင်ဆွန်းဆီမှ ခနဲ့သည့်စကားကို
ကြားလိုက်ရတဲ့အခါ မတ်တပ်ထရပ်ပြီး​ယောင်ဆွန်း
ဆီမှ အင်္ကျီ​ကောင်လံစကို ဆွဲကိုင်လိုက်သည်။

HIDDEN Where stories live. Discover now