Something
7.9K 583 44
[Unicode]
ဒီficကိုဘယ်လို​စိတ်ကူးနဲ့​ရေးဖြစ်ခဲ့လဲ ​မေးထားတဲ့
လူ​တွေရှိလို့ endingအ​ကြောင်း​ပြောရင်းနဲ့တစ်ခါ
တည်း​ပြောပြချင်တာ​ကြောင့် အပိုင်းတစ်ခုသီးသန့်လုပ်လိုက်တာပါ။
ပထမဦးဆုံး psycho type​ရေးမယ်ဆိုပြီး
psychopath character ဖန်တီးဖို့အတွက်
စိတ်​ပညာနဲ့ပက်သက်တဲ့စာ​တွေရှာဖတ်ရာက​နေ
မျိုးရိုးဗီဇ​ကြောင့်ဖြစ်တဲ့ psychopathတစ်​ယောက်
အ​ကြောင်း​တွေ့မိတယ်၊ စမ်းသပ်ချက်တစ်ခု​ကြောင့်သာ
psychopath မှန်းသိတာ သူက​တော့ ဘဝကို​သာမန်
အတိုင်းဖြတ်သန်း​နေနိုင်​ခဲ့တယ်။ကိုယ်ပိုင်မိသားစု​လေးကို​တောင်ပိုင်ဆိုင်နိုင်ခဲ့တယ်။အဲဒါ​ကြောင့် jk ရဲ့ characterကို အဲဒါက​နေ inspireယူဖြစ်ခဲ့တာပါ။
Jinnyက လူသတ်မှုကျူးလွန်တဲ့ psychopathလို
ချင်တာ​ကြောင့် မှုခင်း​တွေရှာ ဖတ်ရင်းအ​တွေးဝင်မိတာ
ကျူးလွန်သူအများစုက နှစ်​ပေါင်းဘယ်​လောက်ကြာ
ကြာဖမ်းမိပြီး အပြစ်ခံရ​ပေမယ့် ခြွင်းချက်အ​နေနဲ့
​နောက်ဆုံးအချိန်ထိ ဇာတ်မြုပ်​နေနိုင်တဲ့psychopath​တွေ​ရော ရှိ​နေနိုင်မလား ၊ သူတို့က ခံစားချက်အစစ်အမှန်​တွေမရှိတာ​ကြောင့် ကျူးလွန်ခဲ့တဲ့အပြစ်​တွေအ​ပေါ်​နောင်တမရှိပဲ စိတ်သန့်သန့်နဲ့ ​နေထိုင်သွားနိုင်တဲ့လူ​တွေလည်းရှိ​နေမလားဆိုပြီး​တွေးမိတယ်။အဲဒါ​ကြောင့် ဒီficမှာpsychopathကသူ့အပြစ်တွေကို ​မေ့ပစ်နိုင်ပြီး ​ဘဝကိုအေး​အေးချမ်းချမ်းဖြတ်သန်းနေထိုင်သွားတဲ့ endingမျိုး​ရွေးချယ်ခဲ့တာပါ။မွေးရာပါ ဗီဇကို ဘယ်လိုမှ​ပြောင်းလဲလို့မရပါဘူး။နောက်တစ်ချက် အ​ရှေ့ပိုင်း​တွေမှာဘယ်သူကpsychopathလည်း​ဝေဝါး​စေတာက ​ဂျောင်ကုရဲ့အ​တွေး​တွေ​ကြောင့်ပါ။
ဥပမာ _အပိုင်း ၁ က လိပ်ပြာဖိ​ချေတဲ့​အခန်းက
ထယ်​ယောင်းတကယ်လုပ်လိုက်တာမဟုတ်ပဲ ​ဂျောင်ကု
ရဲ့မသိစိတ်ထဲက လိပ်ပြာကိုလုပ်ပစ်ချင်​နေတာမို့လို့
သူမြင်လိုက်တဲ့ပုံရိပ်​ယောင်ပါ။
Psychopath​တွေရဲ့စိတ်ခံစားချက်ကအတည်တကျ
မရှိလို့ ထယ့်အ​ပေါ် ​ဂျောင်ကုရဲ့အချစ်​တွေကိုလည်း
သံသယဝင်လို့ရပါတယ်။ စွဲလမ်းမှု လား အချစ် လား
ဆိုတာ​တော့ ကြိုက်သလို​တွေးကြည့်လို့ရပါတယ်။
အစက​နေအဆုံးထိစိတ်ဝင်တစားလိုက်ပါစီး​မျော
​ပေးတဲ့စာဖတ်သူတိုင်းကို ​ကျေးဇူးတင်ပါတယ်။
jinny
[Zawgyi]
jinny
HIDDEN Where stories live. Discover now