![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. [Unicode]
"မောင် အပြင်သွားကြမလား၊ရေခဲသေတ္တာထဲက
စားစရာတွေကုန်နေပြီ ။ ပြီးတော့ အပြင်မှာ
တစ်ခါတည်း ညစာထွက်စားရအောင်"ဧည့်ခန်းထဲမှာထိုင်နေသောဂျောင်ကုသည်
ထယ်ယောင်းအသံကြားသည်နှင့်ချက်ချင်းထရပ်လိုက်သည်။ထယ်ယောင်းကိုစိတ်ပင်ပန်းစေခဲ့မိလို့တောင်းပန်စကားဆိုဖို့ တွေးထားသော်လည်း ...တစ်ခြားလူတစ်ယောက်လို မျက်နှာကြည်လင်ပြီး
ပြုံးပျော်နေတဲ့ထယ်ယောင်းမျက်နှာထားကြောင့်
ထိုအကြောင်းစကားပြန်စဖို့ မဝံ့မရဲဖြစ်ရသည်။"သွားတော့ရေမြန်မြန်သွားချိုး၊မကြာခင်မှောင်
တော့မယ်"ထယ်ယောင်းက သူ့ကိုယ်လေးကိုလှေကားဘက်
ဦးတည်တွန်းပြီးအလောတကြီးဆိုလာတော့ ခေါင်း
ငြိမ့်ပြပြီးရေချိုးပြင်ဆင်ဖို့ အပေါ်ထပ်သို့အမြန်ပြေး
တက်သွားတော့သည်။.
.
.ညနေစောင်းအချိန်အိမ်မှစထွက်လေရာ
မြို့ထဲရောက်တော့ မိုးပင်ချုပ်နေပြီ။စားသောက်
ဖွယ်ရာဝယ်ဖို့ martတစ်ခုရှေ့တွင်ထယ်ယောင်း
ကားထိုးရပ်သည်။"မောင်ကားပေါ်မှာပဲ စောင့်နေနော်၊
ထယ်ဆင်းဝယ်လိုက်မယ်""ဘာလို့လဲ အတူတူသွားကြမယ်လေ"
"မောင်ပင်ပန်းမှာစိုးလို့ ခဏပဲကြာမှာပါ"
လှစ်ခနဲပြေးထွက်သွားသောကျောပြင်ငယ်ကြောင့်
ဂျောင်ကုမှာထယ်ယောင်းစကားအတိုင်းကားပေါ်တွင်သာထိုင်စောင့်နေလိုက်သည်။၁၅မိနစ်လောက်ကြာတော့ အထုတ်တွေနဲ့ဆိုင်ကပြန်ထွက်လာတဲ့
ပုံရိပ်လေးကိုမြင်တော့ အထုတ်ကူဆွဲပေးဖို့ ကားပေါ်မှအမြန်ဆင်းလိုက်သည်။
