[Unicode]
ထယ်ယောင်းသည်မျက်စိရှေ့မှအငွေ့တလူလူတက်နေသောမီးပုံကြီးအားငေးပြီးတွေးတောနေရင်းမှ အနားရောက်လာသောခြေတစ်စုံကြောင့်အတွေးစတွေ ပြယ်ပျောက်သွားရသည်။
"သင်တန်းချိန် မသွားရဘူးလား"
ဂျောင်ကုမှာလောင်ကျွမ်းနေသော စက္ကူဗူးကြီးအားတစ်ချက်လှည့်ကြည့်ပြီးထယ်ယောင်းအားစကားစလိုက်သည်။
"ဒီနေ့သွားစရာမလိုဘူးမောင့်ကိုတစ်နေကုန်အချိန်ပေးမှာ"
ငေးမှိုင်နေသောမျက်နှာထားကိုချက်ချင်းပင်ကွယ်ဝှက်ပြီးပြုံးရယ်ပြလာသောထယ်ယောင်း၊စကားဆုံးသည်နှင့် သူ့လက်ကိုလည်းဆွဲကိုင်ပြီး အနားမှာထိုင်ချစေသည်။
"ဘာဖြစ်လို့မီးရှို့လိုက်တာလဲ နှမြောစရာကြီး"
"မလိုအပ်တော့လို့ပါ ... ဒီအရာတွေလောင်ကျွမ်း
ပျောက်ကွယ်သွားသလိုမောင့်ကိုစိတ်ပင်ပန်းစေတဲ့မှတ်ဉာဏ်တွေလည်းပျောက်ဆုံးသွားရင်ကောင်းမယ်။ "ခပ်ဆွေးဆွေးလေးဆိုလာပြီး သူ့ပခုံးပေါ်လဲှအိပ်ချ
လိုက်သည်။အတိတ်မေ့သွားတဲ့အခုလိုအခြေအနေမှာ အရင်တုန်းကဆိုးဝါးတဲ့အကျင့်စရိုက်တွေပြန်အမှတ်မရလာတာတစ်မျိုးကောင်းသား၊ ထယ်ယောင်းပြောသလိုပဲမေ့ပစ်ပြီးအခုလိုပုံမှန်အခြေအနေအတိုင်းနေသွားရင်သူအတွက်အဆင်ပြေသွားနိုင်တာပဲ မဟုတ်လား၊ ထို့နောက်သူ့ကိုယ်သူ သေချာပြန်သုံးသပ်ကြည့်တော့ကြောက်လန့်သောခံစားမှုတွေကညတုန်းကလောက်မဆိုးဝါးနေတော့ပေ။
ထိုသို့ အတိတ်မေ့နေတဲ့ဘဝနဲ့သူနေသားကျဖို့
အခုလိုအိမ်ထဲမှာပဲသူပိတ်လှောင်နေလို့မဖြစ်တော့ဘူး၊တစ်ယောက်တည်းသီးသန့်နေထိုင်ခြင်းကသူ့အတွက်အတွေးတွေများစေတယ်။ထို့ကြောင့် သာမန်လူတွေလိုသူ့ဘဝကိုခြေရှေ့ဖို့အလုပ်တစ်ခုခုလုပ်ကိုင်မှလည်း ဖြစ်တော့မယ်။