[Unicode]
"ထယ်ယောင်းဟိုကောင်လေးအကြောင်းစုံစမ်းနေတာတွေ ရပ်တန်းကရပ်လိုက်ရင်ကောင်းမယ် "
ကျောင်းသွားခါနီးထမင်းစားခန်းရှေ့မှဖြတ်လျှောက်မိသောထယ်ယောင်းသည် အဖေဖြစ်သူရဲ့စကားကြောင့်သူ့ခြေလှမ်းတွေရပ်တန့်သွားရသည်။
"မင်းဘက်က ကတိမတည်နိုင်ဘူးဆိုရင် ၊ မင်းကို
ငါ့စီးပွားရေးမှာ အသုံးချဖို့ငါဝန်လေးနေမှာ
မဟုတ်ဘူး "ထယ်ယောင်း ဒေါသကြောင့်လက်သီးကိုကျစ်နေ
အောင်ဆုပ်ထားမိပေမယ့် အတတ်နိုင်ဆုံး စိတ်ကို
ထိန်းချုပ်ထားသည်။တခြားသူလက်ထဲရောက်သွား
ပြီးရင်ဒီဘဝမှာမောင်နဲ့နီးစပ်ဖို့လမ်းစဆိုတာရှိတော့မှာမဟုတ်ဘူး။"ကျွန်တော်ကတိတည်မှာပါ "
ခပ်ပြတ်ပြတ်သာပြန်ဖြေလိုက်တော့ အဖေဖြစ်သူက
ကျေနပ်သွားဟန် ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
အရင်ကလိုမဟုတ်တော့ပဲ ပြောင်းလဲကုန်ပြီဖြစ်
သောဒီမိသားစုဆက်ဆံရေးမှာစကားအပိုအလိုတွေ
မဆိုနေတော့ပဲခပ်မြန်မြန်သာရှောင်ထွက်လာခဲ့လိုက်သည်။မောင်နဲ့ တစ်သက်လုံးဝေးကွာသွားနိုင်တဲ့ လမ်းကို
ရောက်သွားနိုင်တာမို့လို့ မောင့်အကြောင်းစုံစမ်းစေ
သော အသိတစ်ယောက်နဲ့လည်းထပ်ပြီးအဆက်
အသွယ်ဖြတ်ရဦးမည်။စိတ်တွေမွန်းကြပ်လွန်းလို့ ကျောင်းမဟုတ်ပဲ
လူခြေနည်းတဲ့ လမ်းတစ်နေရာသို့သူမောင်းထွက်ခဲ့
သည်။လမ်းဘေး တစ်နေရာကားကိုရပ်တန့်ပြီး
ဖုန်းထဲမှ ဓာတ်ပုံလေးတွေကို ထုတ်ကြည့်သည်၊
ဒီဓာတ်ပုံက နောက်ဆုံးမြင်ရမယ့် မောင့်ပုံရိပ်လေး
ဖြစ်သွားမယ်ထင်တယ်။