26

5.9K 735 17
                                    

[Unicode]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]

( ပြင်ဆင်ထားတာရှိလို့ ၂၅ ကိုပြန်ဖတ်​စေချင် )

"ထယ် ကိုယ်​​နေမ​ကောင်းဘူး"

မှီဝဲ​နေတဲ့ ​ဆေးရဲ့​ဘေးထွက်ဆိုးကျိုး​တွေ​ကြောင့်
လူက တစ်ခါတစ်​လေ လုံးဝမလှုပ်ချင်​လောက်​အောင်
နုန်းသည်။​နေ့လယ်ခင်းတ​ရေး အိပ်ပြီးပြန်နိုးလာသည်
အထိ သက်သာခြင်းမရှိ​တော့ အခန်းထဲဝင်လာတဲ့
ထယ်​ယောင်းကို အားကိုးတကြီး ဆိုသည်။

"​နေပါဦး ငါအဝတ်အစားလဲ​လိုက်ဦးမယ်
၁၀ မိနစ်ပဲ​စောင့် "

နားတစ်ဖက်မှဖုန်းကိုကပ်လျက် ရယ်​မော​နေ​သော
ထယ်​ယောင်းသည် သူ့စကားကိုအ​​ရေးတယူနား
​​ထောင်​နေခြင်းမရှိ​တော့ စိတ်​တွေ​နောက်ကျိသွားသည်။

"ထယ် ကိုယ်​ပြော​နေတယ်​လေ "

"ဘာ​ပြောတာလဲ ခန​နေ ​ယောင်ဆွန်းနဲ့ ဘွန်းဘွန်းကို
ကာကွယ်​ဆေးသွားထိုးမလို့ "

ခပ်​ပေါ့​ပေါ့ပင်ပြန်​ဖြေရင်း အဝတ်ဗီရို​မွှေ​နှောက်သည်။
တကယ်ပဲ ထယ်​ပြောင်းလဲ​နေပြီ၊ ဘယ်အချိန်တုန်းကလဲ
​ယောင်ဆွန်းရဲ့အကူအညီ​ကြောင့်ဆိုပြီး
အလုပ်စဝင်တဲ့နေ့ ...

ဟုတ်တယ် ထိုအရာ​တွေ​ကြောင့်ပဲ အလုပ်များတယ်
အ​ကြောင်းပြချက်နဲ့ ထယ်အိမ်မကပ်​တော့ဘူး ၊
တ​စ်နေ့တစ်​နေ့ပြန်​ရောက်လာလျှင်လည်း သူ့ထက်ပို
ပြီး ဘွန်းဘွန်းဆိုတဲ့​ခွေး​လေးကို ဂရုစိုက်​ပေးရတဲ့တာဝန်ကရှိသည်။

"မြို့ထဲသွားမှာမို့လို့ ဘာမှာဦးမလဲ "

" ကိုယ်​နေမ​ကောင်းဘူး "

ဒုတိယအကြိမ် ဤစကားတစ်ခွန်းကိုလည်းရုတ်တရက်
ထမြည်လာ​​သောဖုန်းသံကတားမြစ်လိုက်ဟန် ၊
ထယ်သည် သူ့ကိစ္စကိုစိတ်ဝင်စားခြင်းမရှိလှည့်ထွက်
သွား​တော့သည်။

HIDDEN Where stories live. Discover now