![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Song- Pastlives
[Unicode]
တိတ်ဆိတ်နေသော ခြံဝင်းကြီးထဲထိုးရပ်သွားသော ကားတစ်စီးမှယောကျာ်းနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ဆင်းလာကြသည်။
"မောင် အဆင်ပြေလား"
ဖြည်းညှင်းစွာ လှမ်းလျှောက်နေသော
တစ်ယောက်သောသူကို ကူတွဲရန်ပြင်လိုက်စဉ်
လက်ချောင်းတွေဟာ ထိုသူရဲ့ပုတ်ချခြင်း
ခံလိုက်ရတာမို့ စိတ်ထဲအနည်းငယ်မတင်မကျ
ဖြစ်မိသွားသည်။"ပြေပါတယ်။ဟိုလေ ကျွန်တော့်ကိုအဲလိုမခေါ်ပါနဲ့
စိတ်ထဲ မရင်းနှီးသလိုဖြစ်နေလို့""အာ ဟုတ်ကဲ့"
မောင့်စကားကြောင့် ဝမ်းနည်းမိသွားပေမယ့်
အဖြစ်အပျက်တစ်ခုဆီသို့ ချက်ချင်းအတွေး
ရောက်သောအခါကျွန်တော့်နှုတ်ခမ်းပါးက
အရည်လဲ့နေသောမျက်ဝန်းတွေကြားမှကျေနပ်
စွာ ပြုံးမိသည်။"ဒါ ကျွန်တော်တို့နှစ်ယောက်ရဲ့အိမ်လေးလား။
ဘယ်လိုစိတ်ကူးနဲ့ ဝယ်ခဲ့ကြတာပါလိမ့်
နည်းနည်းတော့ခြောက်ခြားစရာကောင်းနေသလိုပဲ"ရယ်သံလေးနှောပြီး ပြောလာတဲ့မောင့်ကို
ကျွန်တော်တမေ့တမောငေးမိပြန်သည်။
ချစ်ရသူရဲ့ စကားအတိုင်းအိမ်ကိုသတိထားကြည့်
တော့မှ မြို့ပြင်ရောက်နေသောအနေအထားနဲ့
သစ်ပင်ကြီးတွေအုံ့မှိုင်းနေသော ခြံဝင်းကြောင့်
အမှန်တကယ်ပဲ ခြောက်ခြားစရာ။
ဒါပေမယ့်လည်း ဒီနေရာလေးကို
အရမ်းသဘောကျတယ် ဘယ်သူမှမရှိဘူး
နှစ်ယောက်တည်းရဲ့ သီးသန့်ဘုံလေးမို့....
.
.Jeon Jungkook & Kim Taehyung
Date. 23.11.2019အိမ်ထဲဝင်ဝင်ချင်း ဆီးကြိုနေသော
မင်္ဂလာ ဓာတ်ပုံကြီးမှ ငွေရောင်ထွင်းထားသော
စာသားကို စိတ်ထဲမှဖတ်ရင်းဂျောင်ကု ပြုံးမိ
သွားသည်။ဓာတ်ပုံထဲမှာသူ့လက်ကိုတွဲချိတ်ထားတဲ့သတို့သားကပြုံးပျော်နေတာပဲထိုပုံရိပ်လေးကို
ကြည့်ရုံနဲ့ရင်ထဲအပျော်တွေဘယ်လောက်တောင်ရှိနေမလဲဆိုတာခန့်မှန်းနိုင်တယ်။
