Ep - 16

4.3K 587 47
                                    

(Unicode)

ရှောင်းကျန့်ရဲ့  လက်တစ်ဖက်က နံရံမှာထောက်ပြီး တစ်ဖက်ကကိုယ့်ခါးကို ပြန်ထောက်ထားတယ်။ နှုတ်ခမ်းတစ်ဖက်ကိုမဲ့ပြီး ပြုံးပြလိုက်ပေမယ့် ပြန်ရလိုက်တာ ရိပေါ်ဆီက မျက်စောင်း။

ရှောင်းကျန့်လည်း ဘာလို့ ဒီလိုကြီးလုပ်မိလည်းဆိုတာကို မတွေးတတ်တော့ဘူး။ ရုတ်တရက်စိတ်ကူးပေါက်လာတာနဲ့ ဥယျာဉ်ထဲက ထွက်လာတဲ့ ရိပေါ်ကို ဆွဲဆတ်ပြီး နံရံမှာကပ်ပစ်လိုက်တာ။ တစ်ခုခု စမ်းသပ်စရာရှိလို့ ထမင်းစားကတည်းက တောက်လျှောက် ရိပေါ်ကို စောင့်ကြည့်နေတာ။

အားယွမ်ကို စိတ်ရှည်လက်ရှည်ထမင်းခွံ့ကျွေးနေတာလေးက စိတ်ဝင်စားဖို့ကောင်းတယ်။

ထမင်းခွံ့ကျွေးရင် သူပါ အာဆိုပြီး ပါးစပ်လိုက်ဟတတ်တဲ့ ပုံစံလေးကိုလည်း ချစ်ဖို့ကောင်းတယ် ထင်မိပြန်ရော။

ဟင်းရည်ပူပူကိုမှုတ်နေတဲ့အချိန် ဆူထွက်လာတဲ့ နှုတ်ခမ်းနဲ့ ပါးဖောင်းဖောင်းကိုကြည့်ရင်း ဆွဲဆိတ်ပစ်ချင်စိတ်တွေမနည်းထိန်းနေရလို့ ကိုယ့်ကိုယ်ကိုယ်တောင် ရူးများရူးသွားပြီလားလို့ ထင်မိတယ်။

ဒီလောက်အမြင်ကတ်နေရတဲ့ ငနဲလေးကို ချစ်ဖို့ကောင်းတယ်မြင်နေမိတာ ခရီးကနေအပြန် စိတ်များဖောက်သွားသလားလို့။

ဝမ်ချင်က ငနဲလေးကိုခေါ်သွားလို့ ဘာများပြောမလဲဆိုပြီး အနောက်ကိုလိုက်ချောင်းပြီးနားထောင်နေရတာ ကိုယ့်စတိုင်ကိုမဟုတ်တာ။ တစ်ခါမှ မလုပ်ဖူးတဲ့အရာတွေ။

ပိုက်ဆံပေးလိုက်တော့ ဖုံးဖိမရအောင်ပျော်သွားတဲ့ မျက်နှာလေးက ဖြတ်ရိုက်ချင်စရာလေး။

ဟိုကြည့်ဒီကြည့်နဲ့ ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးမှ ပိုက်ဆံကို တစ်ရွက်ချင်းရေနေတဲ့ အကောင်ပေါက်ကို သက်သက် နောက်ချင်လာတယ်။

အလကားနေရင်း ပရိတ်သတ်တစ်ယောက်ရလိုက်တော့လည်း နည်းလား !

ခန္ဓာကိုယ်ကို ပိုပြီးကိုင်းလိုက်တော့ မျက်နှာ နှစ်ခုရဲ့အကွာအဝေးက ထိစပ်ဖို့ရာ  သိပ်မကွာတော့ဘူး။

The Brightest Star (Zhanyi)Where stories live. Discover now