(Unicode)
ရှောင်းကျန့်က အခု ကျိုးချန်ရဲ့ ရုံးခန်းထဲမှာ ။ ဘာလာလုပ်တာလည်းဆိုတော့ ခုသူ့ရဲ့ stylist က သောက်ချိူးမပြေလို့ နောက်ထပ် ကီးကိုက်မယ့် stylist တစ်ယောက်ရှာဖို့ ကျိူးချန်ဆီလာအပူကပ်တာ။
ကျိုးချန်ထိုင်တဲ့ ဆုံလည်ထိုင်ခုံပေါ်ထိုင်စောင့်နေရင်း စားပွဲပေါ်မှာ အထပ်လိုက်တင်ထားတဲ့ ဖိုင်တွဲတွေဆီအကြည့်ကအရောက် အပေါ်ဆုံးစာရွက်က အလုပ်လျှောက်တဲ့ ကိုယ်ရေးအကျဥ်းမှာ ပတ်စပို့ဓာတ်ပုံလေးကိုတွေ့တယ်။ မြင်ဖူးသလိုလိုရှိပါတယ်လို့ကြည့်နေရင်း .......။
အာ ဟိုကောင်စုတ်လေးလား။
သူနဲ့ ဒီကုမ္ပဏီနဲ့ကဘာဆိုင်လို့လဲ ? မဟုတ်တော့မဟုတ်လောက်ပါဘူး ဟိုနေ့ကမှ စူံစမ်းထားတာ သူကကျောင်းသားဆိုပြီး ခုကျ အလုပ်လာလျှောက်တာလား မဖြစ်နိုင်တာ။
ခါတိုင်းဆိုရှောင်းကျန့်က ကိုယ့်အကန့်နဲ့ကိုယ်သီးသန့်နေတတ်လို့ ဘာမှစပ်စုလေ့မရှိပေမယ့် သိလိုချင်စိတ်ပြင်းပြတာမို့ ဖိုင်ကိုဆွဲယူကြည့်လိုက်တယ်။
သူစုံစမ်းထားတဲ့ ရိပေါ်ရဲ့အကြောင်းနဲ့ ဒီကိုယ်ရေးအကျဥ်းနဲ့က ကွက်တိကျနေတော့ ခုအလုပ်လာလျှောက်တာ ရိပေါ်ဆိုတာသေချာသွားတယ်။
သေချာဆက်ဖတ်ကြည့်မှ ကောင်စုတ်လေးက တူဆိုးလေးကို ထိန်းဖို့ ကလေးထိန်းအလုပ်လာလျှောက်တာကိုး။
ကလေးက ကလေးကိုထိန်းမယ်ဆိုတော့ နည်းနည်းတော့ ရယ်ချင်စရာ။
ဖိုင်ကိုကြည့်ပြီး ပြုံးနေတုန်း ကျိုးချန်က ရုံးခန်းထဲဝင်လာတယ်။
" အံမယ် ငါ့ဆီအလည်တွေဘာတွေလာလို့ ထူးထူးဆန်းဆန်း"
ကျိုးချန်က စားပွဲရှေ့ကဆိုဖာပေါ်မှာဝင်ထိုင်လိုက်တယ်။
" မေးစရာရှိတယ် ....ဒါကဘာလဲ "
ဖိုင်ကိုကိုင်ပြီး ရှောင်းကျန့်က ကျိုးချန်နား ဝင်ထိုင်လိုက်တယ်။
" ဘာကြီးလဲ .... သြော် မင်းတူအတွက်လေ ကလေးထိန်းရှာတာ... ကိုယ်ရေးအကျဥိးတွေ ဘာမှ ဖတ်မကြည့်ရသေးဘူး .... ပြီးမှ အင်တာဗျူးလုပ်မယ့်နေ့သတ်မှတ်ရမှာ "
![](https://img.wattpad.com/cover/245539911-288-k969950.jpg)
YOU ARE READING
The Brightest Star (Zhanyi)
Fanfiction(Unicode) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး ..... (Zawgyi) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး .....