Ep - 18

4.3K 584 70
                                    

(Unicode)

ရှောင်းကျန့် တစ်ကိုယ်လုံး ဆားအမှုန်တွေနဲ့ ဖွေးနေတာကြောင့် ဆံပင်တွေကြားထဲက ဆားတွေကို လက်နဲ့ခါထုတ်ရတယ်။

" တောင်းပန်ပါတယ် ခင်ဗျားကို သရဲထင်လိုက်လို့ "

" ဘာ ! "

ဒီလို ဥပဓိရုပ်နဲ့လူကို သရဲလို့ထင်ရအောင် ဒီကောင်လေးက မျက်စိများမှောက်နေသလား !

" ...... "

" အိမ်ထဲကိုဝင်ခွင့်မပေးတော့ဘူးလား "

အကျီကိုတွေကိုပါ အကုန်ခါလို့အပြီးမှာတော့ ဆားတွေတော့ပြောင်လောက်ပြီထင်ပေမယ့် ခေါင်းထဲကတော့ယားကျိကျိ။

" ဘာလို့ဝင်မှာလဲ "

ညည့်နက်သန်းခေါင် လူအိပ်ချိန်ကြီးမို့ ရိပေါ်က ဧည့်မခံချင်တော့။

ဒီလူက ဘာလာလုပ်မှန်းကိုမသိဘူး။

" အိုး ဟိုး ....ဧည့်သည်ကိုဒီလိုကြိုဆိုရသလား "

" ညည့်နက်နေပြီ ခင်ဗျားအိမ်ပြန်လိုက်တော့ "

" မပြန်ပါဘူး ...ဒီကို သက်သက်လာခဲ့တာပါဆို....ဒန့် ဒန် ဒီမှာဘီယာဝယ်လာတယ် သောက်မလား "

ခုနက အကျီပေါ်က ဆားတွေကိုခါနေတုန်း ကြမ်းပြင်ပေါ်ချထားတဲ့ ဘီယာဘူးထည့်ထားတဲ့ အိတ်ကိုကောက်ယူလို့မြှောက်ပြလိုက်တယ်။

" မသောက်ဘူး ပြန်တော့ "

" အဲ့လိုမလုပ်ရဘူးလေ .... ကိုယ့်လိုနာမည်ကြီးမင်းသားနဲ့ ဘီယာအတူတွဲသောက်ခွင့်ရတာ မဟာအခွင့်အရေးကြီးနော် ... လက်လွှတ်မခံသင့်ဘူး "

ရှောင်းကျန့်က ဒါမျိုးစိတ်ရှည်လက်ရှည်နဲ့ သူများကိုအောက်ကျခံလို့ ဘီယာအတူသောက်ဖို့ပြောတာဒါပထမဆုံးပဲ။

ဆားနဲ့အပက်ခံရတာကတော့ အတွေ့အကြုံပေါ့။

" ခင်ဗျားနဲ့သောက်ရတော့ရော ဘီယာက နတ်ပြည်ကသေရည်ဖြစ်သွားလို့လား။သောက်ပြီး အချိန်တန်ရင် သေးဖြစ်မှာပဲ .... ကောင်းသောညပါ "

ရိပေါ်က တံခါးကိုပိတ်မယ်လုပ်တော့ ရှောင်းကျန့်ဟာ တံခါးကိုတွန်းလို့ အခန်းထဲအတင်းဝင်တယ်။

The Brightest Star (Zhanyi)Wo Geschichten leben. Entdecke jetzt