Ep - 37

3.2K 353 38
                                    

(Unicode)

ဟိုနေ့က ရှောင်းကျန့်concert မှာ ရိပေါ်ကို တရားဝင်ချပြလိုက်တာကြောင့် မီဒီယာတွေကြားမှာ ပြောစရာသတင်းဖြစ်လာခဲ့သလို hater တွေအတွက်ကတော့ရှောင်းကျန့်ကို ရိုက်ချဖို့ရာအတွက် အခွင့်ကောင်းကြီး။

ယောကျာ်းလေးချင်း ကြိုက်နှစ်သက်သည်ဟူသောအကြောင်းအရာကို ချဲ့ကားရေးသားလို့ ရှုံ့ချနေကြသူမှ တစ်ပုံကြီး။ ဒီကိစ္စကြောင့် ရှောင်းကျန့်ဘက်က တော်တော်လေး နစ်နာဆုံးရှုံးလိုက်ရသေးတယ်။ ကြော်ငြာတချို့ကိုလည်း လက်လွှတ်လိုက်ရသလို ဇာတ်လမ်းတွဲတစ်ချို့ကိုလည်း cancel လိုက်ရတယ်။

ဆုံးရှုံးသွားတဲ့အရာတွေကို ဟောဒီ Satou sean က အဖက်လုပ်မယ်ထင်နေပါသလား။

ရိပေါ်နဲ့ ပရိတ်သတ်တွေကြောင့်မို့သာ ဒီလောကထဲဆက်လျှောက်နေပေမယ့် စိတ်ကုန်နေတာတော့ကြာပြီ။

မကောင်းတဲ့သူတွေဖယ်သွားရင်တော့ ကောင်းတဲ့သူတွေ ကိုယ့်ဘေးကိုရောက်လာလိမ့််မယ်လို့ မှတ်ယူလိုက်တော့လည်း စိတ်ချမ်းသာသား။ လူတွေက အပေါ်ယံတွေပဲမလား။

နာမည်ကြီးတုန်းကတော့ ခခယယနဲ့ ကမ်းလှမ်းချင်တဲ့သူတွေအများကြီး။ နာမည်ကျချင်တဲ့အချိန်ကျ ကန်ထုတ်ပီး ထိုးနှက်နေချင်ကြတဲ့သူတွေချည်း။

ဒါတွေကို ရှောင်းကျန့်ဂရုမစိုက်အား။ ရိပေါ်အတွက်ပဲ စိတ်ကပူနေတယ်။ ရိပေါ်ကို တရားဝင်ချပြလိုက်တာ နည်းနည်းတော့ မှားသွားသလိုခံစားရပေမယ့် နောင်တတော့မရ။

ကြားထဲက အမြတ်ရသွားတာကတော့ လတ်တလော နာမည်ကြီးလာတဲ့မင်းသား hiroto ပင်။

ရိပေါ်တက်တဲ့ကျောင်းအထိပါ လိုက်ပြီး အင်တာဗျူးကြတဲ့ မီဒီယာတွေကြောင့် ကျောင်းတက်ရတာကို အတော်လေးစိတ်ပျက်နေပြီ။ဟိုတစ်လောက ရိပေါ်ထမင်းဝယ်ကျွေးခဲ့ဖူးတဲ့ အခန်းထဲက ရှောင်းကျန့် ဖန်ဂဲလ်းလေးတွေကတော့ ရိပေါ်ကို ဆက်ခင်မြဲခင်ဆဲမို့ နည်းနည်းတော့ စိတ်ချမ်းသာရပေမယ့် စောင်းမြောင်းပြောဆိုတဲ့သူတွေလည်း ရှိလေတော့ စိတ်ညစ်ရပြန်တယ်။

နာမည်ကြီးတစ်ယောက်နဲ့ ကြိုက်မိမှတော့လည်း ဒါမျိုးတွေကြုံတွေရမှာကသဘာဝပါတဲ့။

The Brightest Star (Zhanyi)Wo Geschichten leben. Entdecke jetzt