Ep - 38

3.2K 371 39
                                    

(Unicode)

လက်ထပ်တော့မယ်ဆိုပြီး အိမ်ကိုအကြောင်းကြားလိုက်တော့ ဂျပန်ထိ ရောက်လာပြီး ရိပေါ်ကို ပေးတဲ့လက်ဆောင်က ပါပါးရဲ့ လက်သီးတစ်ချက်လို့ ဘယ်လိုထင်ထားမှာလဲ။

ဖုန်းထဲမှာကတည်းက ပါပါးရဲ့ အလိုမကျခြင်း ဆူပူကြိမ်းမောင်းခြင်းတွေအရ ရိပေါ်ကို သတ်တောင်ပစ်ချင်တဲ့ပုံပါပဲ။

ဂျပန်ထိပ်တန်းမင်းသားတစ်လက်က တရုတ်လူမျိုးကောင်လေး တစ်ယောက်ကို လက်ထပ်မယ်ဆိုတဲ့ သတင်းတွေက တရုတ်နိုင်ငံပိုင်သတင်းစာတွေမှာရော တီဗွီသတင်းတွေမှာရော ဟိုးလေးတကျော်ဖြစ်လို့။ ရှောင်းကျန့်ရဲ့ concert တုန်းက ရှောင်းကျန့်နဲ့ ရိပေါ်ရဲ့ပုံတွေကလည်း တကမ္ဘာလုံးကပရိတ်သတ်တွေဆီရော ပရိတ်သတ်မဟုတ်တဲ့သူတွေဆီရော ရောက်ပြီး အကြီးအကျယ်ပွထနေပြီ။ တော်တော်လေး ဂယက်ရိုက်နေတဲ့သတင်းကြောင့်  ရိပေါ်တို့ အမျိုးတွေရော ရိပေါ်ရဲ့ ပါပါးမာမားရဲ့ မိတ်ဆွေတွေရောက ရိပေါ်တို့ အိမ်ထိလာပြီး သတင်းမေးကြ ဝေဖန်ကြနဲ့ အားမနာလျှာမကျိုးပဲ။ ရိပေါ်ရဲ့ မိဘတွေကလည်း အတော်လေး မျက်နှာပျက်နေကြရတယ်။

လိင်တူလက်ထပ်ခြင်းကို လက်မခံနိုင်တဲ့လူတွေ တရုတ်ပြည်မှာအများကြီးကိုး။  ရိပေါ်ပါပါးကလည်း ထိုနည်းတူပဲ။
ထောက်ခံတဲ့သူတွေရှိပေမယ့် ရှုံ့ချတဲ့သူတွေကပိုများနေတဲ့အခါ တရုတ်ပြည်မှာနေတဲ့ ရိပေါ်တို့မိသားစုအတွက်က အတော်လေး အကြပ်ရိုက်နေတဲ့ ကိစ္စပဲ။

ဂျပန်ကို ပညာတော်သင်သွားခိုင်းတာ လင်သွားယူခိုင်းတာမဟုတ်ဘူးဆိုတဲ့ ပါပါးရဲ့စကားတွေက ရိပေါ်ကို တော်တော်လေးအထိနာစေပါတယ်။

ရှောင်းကျန့်နဲ့အတူတူ လေဆိပ်မှာသွားကြိုရင် နောက်လိုက်နေတဲ့ သတင်းထောက်တွေသိသွားမှာစိုးလို့ ရိပေါ်တစ်ယောက်တည်း လေဆိပ်ကိုသွားကြိုရတယ်။

တွေ့တွေ့ချင်း မာမားကိုဖက်ဖို့လုပ်ပေမယ့် ဆွဲခွာခံလိုက်ရပြီး မျက်နှာပေါ်ကျလာတဲ့လက်သီးတစ်ချက်။ ပြီးမှ ဘေးမှာလူတွေရှိလို့ ဒေါသကို ထိန်းလိုက်တဲ့ပုံပါပဲ။ Yamamoto အိမ်တော်မှာတည်းဖို့ပြောပေမယ့် ခေါင်းမာတဲ့ပါပါးက ခြေတလှမ်းတောင် မချချင်ဘူးတဲ့လေ။ အယူသီးတဲ့ ပါပါးက တိုင်းတစ်ပါးသားကို ယူရကောင်းလား အမျိုးဖျက်တယ် ဆိုပြီး   ရိပေါ်ကို တော်တော်လေး စက်ဆုပ်နေတယ်။

The Brightest Star (Zhanyi)Tempat cerita menjadi hidup. Temukan sekarang