Ep - 20

4.2K 559 33
                                    

(Unicode)

မနက်စာစားပြီးတဲ့နောက် အဝတ်လဲလို့ အားယွမ်ကိုထိန်းဖို့သွားရတော့မယ်။

ရှောင်းကျန့်အိမ်သွားရမှာမို့ ရှောင်းကျန့်နဲ့ပဲ ပြန်လိုက်ရမှာ တကယ်စိတ်ညစ်တယ်။

ရှောင်းကျန့်က ရိပေါ်ရဲ့ မျက်နှာချင်းဆိုင်မှာထိုင်လို့ ပေါင်မုန့်ကိုက်ရင်း တမှိုင်မှိုင်နဲ့ သက်ပြင်းချနေတာ လောကကြီးကိုစိတ်ကုန်နေတဲ့အတိုင်းပဲ။

ကျွတ် ကျွတ်! သနားတောင် သနားရတော့မလို။

မင်းသားဆိုတော့လည်း သရုပ်ဆောင်ကောင်းတာပြောမနေနဲ့ မနေ့ညတုန်းက သူဘာလုပ်ထားလည်းဆိုတာမှတ်မိသေးရဲ့လားမသိ။

" ကဲစား စားပြီးရင် ကျွန်တော်က ခင်ဗျားအိမ်ကိုသွားတော့မှာ "

" အမ် ...အင်း ကိုယ် ကားပါလာတယ် "

" ပါလာလည်းပြီးရော ဒါဆိုလည်း ကိုယ့်ကားနဲ့ကိုယ်ပြန်ပေါ့ ။ ကျွန်တော်က ရထားနဲ့သွားမှာ "

ကားအကောင်းစားကြီးစီးပြီးသွားရမှာကို ရထားနဲ့သွားချင်နေတာ ဒီတရုတ်လေး အတော်ကိုမှလက်ပေါက်ကပ်တယ်။

မေးလိုက်ချင်တယ် တကယ်ပဲ ဘာဖြစ်ချင်နေတာလဲလို့ !

" ဧကန္တ မင်း ကိုယ့်ရဲ့ attention ရချင်နေတာလား "

စိတ်မထိန်းနိုင်ပဲ မေးမိတော့ ကော်ဖီသောက်နေဆဲ ရိပေါ်က တဟွတ်ဟွတ်သီးတော့တယ်။

" ဘာ ဘာ ဘာ ဘာစကားပြောလိုက်တာ "

" မသိပါဘူး ဘာလုပ်လုပ် တအားကို ကန့်လန့်တိုက်ပြနေသလိုမို့လို့လေ ။ စောက်ရမ်းတွေချေပြပြီး attention များရချင်နေတာလားလို့ "

ကိုယ်မေးလိုက်တာလဲမမှားပါဘူး။ အဲ့လိုဖြစ်ချင်လည်း ဖြစ်နိုင်တာပဲကို။ (¬_¬)

" ခင်ဗျားက ကိုယ့်ကိုယ်ကို အရမ်းနာမည်ကြီးတဲ့မင်းသားဆိုပြီး ဘဝင်တွေစွတ်မြင့်ပြီး စိတ်နောက်သွားတာလား .... ဘာလို့ကျွန်တော်က ခင်ဗျားရဲ့ attention ယူချင်ရမှာလဲ....အတန်းထဲက ပါမောက္ခကြီးရဲ့ attention ဆိုရင်တောင် ပျော်ပျော်ကြီးယူဖို့ကြိုးစားဦးမယ် ..... "

The Brightest Star (Zhanyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ