Ep - 39

5.8K 413 99
                                    

(Unicode)

ရှောင်းကျန့်က ဘယ်လိုစကားလုံးတွေနဲ့ ပါပါးကို ချုပ်လိုက်သလဲတော့မသိ။ မင်္ဂလာပွဲမှာ ပြုံးပြုံးရွှင်ရွှင်ရှိတော့လည်း ရိပေါ် စိတ်အေးရတယ် ။

ကြယ်ငါးပွင့်အဆင့်ဟိုတယ်ကြီးမှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပြလို့ Satou sean ဟာ သူရဲ့လက်တွဲဖော်ကို ပေါ့ပေါ့တန်တန်မထားကြောင်း သက်သေပြတယ်။ မင်္ဂလာပွဲကိုတော့ private ကျင်းပလို့ မီဒီယာတွေက ရိပေါ်တို့ လက်ထပ်နေတုန်းမှာ သတင်းယူခွင့်မရှိသလို ဘယ်မီဒီယာမှ မင်္ဂလာခန်းမထဲကို ခြေချလို့မရဘူး။

လက်ထပ်ပွဲကြီး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးပြီးတော့ မိဘတွေနဲ့ ဆွေမျိုးတွေကို ဂါရဝပြုပြီးတဲ့နောက်မှာ ဟန်းနီးမွန်းသွားဖို့ရာ ရှောင်းကျန့်က အသင့်ပြင်ပြီးဖြစ်တယ်။

လက်ထပ်ပွဲကျင်းပပြီးပြီဆိုမှ ဟိုတယ်အပြင်ဘက်မှာစောင့်နေတဲ့ မီဒီယာတွေမေးသမျှကိုလည်းဖြေသလို ကြိုက်သလောက်မှတ်တမ်းတင်ကြပါစေ ပြူံးပြုံးလေးနေပေးတယ်။  လူတွေအများကြီးရှေ့မှာဆိုတော့  ရိပေါ်ကတော့ နည်းနည်းတော့ နေရကြပ်ပေမယ့် အဆင်ပြေပါတယ်။

မီဒီယာတွေစိတ်ကြိုက် မေးခွန်းတွေဖြေပေးပြီးတဲ့နောက်မှာ ရှောင်းကျန့်ရဲ့ အဖြူရောင်သတ်ို့သားလေးက ပင်ပန်းနေပြီဖြစ်တယ်။

သတို့သားလေးပင်ပန်းနေလို့ မင်္ဂလာဦးည လက်လွတ်သွားမှာစ်ိုးတာကြောင့် မီဒီယာတွေကို လက်စဖြတ်ပြီး ထွက်လာခဲ့လိုက်တာက လေဆိပ်ဆီ။ ယောက္ခမတွေကိုတော့ ဟိုတယ်ကိုပို့ပြီးပြီ။

ရှောင်းကျန့်ခေါ်လို့သာလိုက်လာရတာ လေဆိပ်ကိုဘာလို့ ခေါ်လာမှန်းရိပေါ်သဘောမပေါက်ဘူး။ အထုပ်အပိုးတွေလည်း ဘာမှမပြင်ရသေးဘူးလေ။

လေဆိပ်ဝရောက်တော့ အဆင်သင့်စောင့်နေတဲ့ဝန်ထမ်းတွေကဦးဆောင်ိုလ်ို့ VIP ပေါက်ကနေခေါ်သွားတယ်။

နောက်တော့ လေယာဥ်ကွင်းထဲမှာ တွေ့လိုက်ရတာ ဂျက်လေယာဥ်အကြီးကြီး။ 

" တက်လေ "

" သြော် အင်း "

ရှောင်းကျန့်က ဒီလောက်ထိချမ်းသာမှန်း ရိပေါ် မထင်ထားခဲ့ဘူးရယ်။

The Brightest Star (Zhanyi)Where stories live. Discover now