Ep - 31

3.2K 422 99
                                    

(Unicode)

ရှောင်းကျန့်နဲ့ ရိပေါ် တွဲလာတာဆိုရင်ဖြင့် တစ်နှစ်တောင်ကျော်ပြီ။

ရိပေါ်လည်း ဒုတိယနှစ်ရောက်ပြီဖြစ်ပြီး ဒီပလိုမာဘွဲ့ရတော့မယ်။ ဒီပလိုမာဘွဲ့ရပြီးပါက အလုပ်တန်းဝင်လို့ရတယ်။

တကယ်လို့ ဒုတိယနှစ်နဲ့ရသည့် ဒီပလိုမာဘွဲ့ကို မလိုချင်ပါက နောက်နှစ်နှစ် ဆက်တက်နိုင်သေးတာမို့ လောလောဆယ် အဲဒီအကြောင်းကို ရိပေါ်ခေါင်းထဲမထည့်နိုင်သေး။ အာရုံထဲမှာရှိသည်က တစ်ခုက စာမေးပွဲအကြောင်း နောက်တစ်ခုက အမည်မသိ ကောင်မလေးတစ်ယောက်က မိမိကို နောက်မှ လိုက်ချောင်း နေခြင်းကိစ္စ။

ရှောင်းကျန့် ရှုတင်ရှိတာကြောင့် ခရီးထွက်သွားသည်မှာ သုံးပတ်  ခန့်ရှိပြီ။
ရှောင်းကျန့်လည်း နေ့မအားညမနား အလုပ်များသည်ထင် လွမ်းတယ်ဆိုတဲ့စကားလုံးလေးလောက်တောင် ရိပေါ်ဆီမက်ဆေ့ဝင်မလာ။

ရိပေါ်လည်း စာမေးပွဲကိစ္စတွေကြောင့် မအားလို့ ဖုန်းတောင် မကြည့်အား။ ရှောင်းကျန့်ကိုတောင် သတိမရ။  တစ်နေကုန် ထိုင်ပြီးဒီဇိုင်းဆွဲ စက်ချုပ်နေရတာ ညောင်းလွန်းလို့ အကြောတွေတောင်တက်နေပြီ။

ကျောင်းသွားမလို့ ရထားစီးတော့ ရိပေါ်နောက် အမည်မသိ ကောင်မလေးက တစ်ကောက်ကောက်နဲ့ ဟိုတနေ့က အတိုင်းပဲ။ ရိပေါ်နောက်လိုက်နေသည်မှာ ဆယ်ရက်ကျော် ရှိပြီ။

ရထားပေါ်ဆိုရင်လည်း အမြဲတမ်း အနားမှာ မရမရလာထ်ိုင်တယ်။ အစက ရိပေါ်က ဒီတိုင်း သူလိုကိုယ်လို ခရီးသည်ပဲ ထင်နေပေမယ့် ငါးရက်လောက်ကြာတော့ ကိုယ့်နောက်လိုက်နေမှန်းရိပ်မိလာရတယ်။

ရိပေါ်မှာ တကယ်စိတ်အနှောက်အာှက်ဖြစ်ရတယ်။ စကားလေးတစ်ခွန်းတောင်မပြောဖူးပေမယ့် ကိုယ့်နောက်လိုက်နေတာမှန်း အလိုလိုသိနေတော့ စိတ်ထဲကသိကအောက်။

ရိပေါ် မတ်တပ် ထရပ်ရင် ထိုကောင်မလေးကလည်း မတ်တပ်ထရပ်တယ်။

ရိပေါ်လုပ်သမျှ ပုံစံတူလိုက်လုပ်နေတဲ့ ထိုကောင်မလေးက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။

နောက်နေ့တွေမှာ ရထားလိုင်းပြောင်းစီးပေမယ့် ထိုပြောင်းစီးတဲ့ ရထားလိုင်းမှာလည်း ထိုကောင်မလေးကပါလာတုန်း။ ရိပေါ် တကယ်ပဲ ချွေးတွေတောင်ပြန်လာတယ်။ သူနေတဲ့ အိမ်များ သိသွားပြီလားဆိုပြီး ရင်ထဲမှာ တဒုန်းဒုန်း ။   ကြောက်လို့ ရင်တုန်ပြီး  နှလုံးခုန်တွေမြန်လာရတယ်။

The Brightest Star (Zhanyi)Donde viven las historias. Descúbrelo ahora