Ep - 13

4K 551 14
                                    

(Unicode)

ဒီနေ့အတွက် ရိပေါ်လုပ်ရမှာက အားယွမ်ကို ထမင်းခွံ့ပေးဖို့။

မနေ့က ရိပေါ် ရှက်ရှက်နဲ့ အခန်းထဲကနေထွက်ပြေးဖို့လုပ်ပေမယ့် အခန်းဝမှာ အပေါက်မဖွင့်တတ်လို့ အကြပ်ရိုက်နေတော့ ရှောင်းကျန့်က အပေါက်ဖွင့်ပေးရပါသေးတယ်။

တံခါးမဖွင့်ပေးခင် နားနား ကပ်ပြောလိုက်တာ ဘာတဲ့ ! တစ်ခုခုပြန်ပေးဖို့စဥ်းစားထား ဆိုပဲ။

ဘာကိုပြန်ပေးရမှာလဲ။ သူ့ဆီက ယူထားတာလည်း ဘာမှမရှိပဲနဲ့ (¬_¬)

အိပ်မယ်လုပ်တိုင်း မျက်လုံးထဲမှာ ရှောင်းကျန့်ရဲ့ မဲ့ပြုံးကြီးပဲမြင်နေလို့ အိပ်လို့မရ။ အိပ်ပျော်အောင်လို့ မျက်စိမှိတ်ပြီး သိုးတွေရေတွက်ကြည့်ပေမယ့်လည်း အလကားပဲ။ ဟိုလှိမ့်ဒီလှိမ့်နဲ့ နောက်ဆုံး ဘယ်အချိန်လောက် အိပ်ပျော်သွားလဲတော့ မမှတ်မိတော့ဘူး။

ဒီနေ့ ကလေးလာထိန်းတော့လည်း အိမ်ထဲမှာ ရှောင်းကျန့်ရှိမရှိ ရိပေါ်ဟာ မသိမသာ မျက်လုံးကို ဝေ့ကြည့်ပြီးမှ အားယွမ်အခန်းထဲကိုလာခဲ့တာ။

ရိပေါ်က ရှောင်းကျန့်နဲ့ မတွေ့ချင်ပါဘူး။တွေ့ရင် မျက်နှာဘယ်လိုပြရမယ်မှန်းမသိလို့။

တစ်နေ့မှာလေးနာရီပဲ အချိန်ပိုင်းလုပ်ရတာက ကံကောင်းသွားတာ။

" ထမင်းစားရအောင် ယွမ်ချန် "

ရိပေါ်က အားယွမ်ရဲ့ ကုတင်ပေါ်မှာဝင်လှဲပစ်လိုက်တယ်။ ခပ်တည်တည်ပဲ။
အားယွမ်ကတော့ ဂိမ်းကိုပဲ သဲကြီးမဲကြီးဆော့နေတယ် ။

ကလေးကုတင်ပေါ်ကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အကြီးကြီးနဲ့ ပိုင်စိုးပိုင်နင်းတက်အိပ်တာမဟုတ်ဖူး။

ကလေးကုတင်ကိုက လူကြီးသုံးယောက်အိပ်လို့ရလောက်အောင်ထိကြီးနေတာ။

မျက်စိမှိတ်ပြီး ခနလောက်မှိန်းလိုက်ရရင်ဖြင့် ညထိ ပြန်နိုးလာမှာကိုမဟုတ်တော့လောက်အောင် အိပ်ရာကြီးက အိစက်နေရော။

" မစားချင်ဘူး "

ထင်သားပဲ။ ဒီသောက်ကလေးက စကားနားထောင်တဲ့အမျိုးမှမဟုတ်တာ။

The Brightest Star (Zhanyi)Wo Geschichten leben. Entdecke jetzt