Ep - 22

4K 541 36
                                    

(Zawgyi)

သန်ဘက်ခါဆို အလုပ်ထွက်တော့မှာဖြစ်လို့ ရိပေါ်က အချိန်ပိုင်းအလုပ်တစ်ခုကိုတောင်ကြိုရှာထားပြီးပြီ။

အလုပ်ရတာက Family mart မှာ cashier အဖြစ်။
ယွီပင်းကိုတိုင်ပင်တော့ ဒီလောက်လစာတွေအများကြီးရပြီး အေးအေးဆေးဆေးနဲ့ ကလေးထိန်းနေရတာကို တစ်နာရီမှ ယန်းကိုးရာပဲရတဲ့ family mart မှာ တစ်နေ့ကိုလေးနာရီလောက် မတ်တပ်ရပ်ပြီး အပင်ပန်းခံဦးမယ့် စောက်ဦးနှောက်မရှိတဲ့ကောင်ဆိုပြီး အဆဲခံလ်ိုက်ရတာပဲ အဖတ်တင်တယ်။

ဘာကြောင့် ထွက်ချင်လဲ ဒီကောင်မှမသိတာ ပြောရတာလွယ်တာပေါ့။ ထူးပြီးလည်းရှင်းပြမနေချင်ပါဘူး။

သူတောင်သူ့အလုပ်နဲ့သူရှုပ်နေတာ အလကား အပူသွားမပေးချင်ဘူး။

မနက်ဖြန်က အားယွမ်ကိုထိန်းရမှာ နောက်ဆုံးရက်ဆိုတော့ အမှတ်တရအနေနဲ့ အားယွမ်နဲ့အတူ ကစားကွင်းသွားဖို့စဥ်းစားထားတယ်။

နောက်နှစ်လလောက်ဆိုရင် Bunka college ကိုစပြီးတက်ရတော့မယ်။

အခန်းထဲမှာအားယွမ်က ဂိမ်းကစားနေတုန်း ရိပေါ်က ဧည့်ခန်းဘက်ထွက်လာခဲ့တယ်။

" ဟို အစ်မ ကျွန်တော်ပြောစရာလေးရှိလို့ပါ "

" ဘာများလဲ "

" ကျွန်တော် အလုပ်ထွက်ချင်လို့ပါ "

ရိပေါ်က အလုပ်ထွက်ချင်တယ်ပြောလိုက်တော့ အားယွမ်အမေ ဝမ်ချင်က ပျာပျာသလဲ။

" ဘာလို့လဲ ရိပေါ်စံ။ လစာပေးတာ အရမ်းနည်းသွားလို့လား "

အကြောင်းအရင်းကို ဂဂဏဏ မသိပဲတစ်ခုခုဆို ပိုက်ဆံနဲ့တန်ဖိုးဖြတ်တတ်တဲ့ လူအချမ်းသာအသိုင်းအဝိုင်းက စိတ်ပျက်စရာကြီး။

ရိပေါ်ကိုယ်တိုင်လည်းပိုက်ဆံမက်ပေမယ့် ဒီလိုမျိုးကို သိပ်မကြိုက်ဘူး။

" မဟုတ်ပါဘူး ။ ဒီတိုင်းပါပဲ။ အတွေ့အကြုံများအောင် တခြားအလုပ်လေးတွေလည်းထွက်လုပ်ကြည့်ချင်လို့ပါ။ ပြီးတော့ ဒီအိမ်မှာပဲနေရင် ကျွန်တော်က အားယွမ်တစ်ယောက်တည်းနဲ့ပဲ ထိတွေ့ဆက်ဆံရတာ။ လူအများနဲ့ မပေါင်းသင်းရတော့ ကျွန်တော့်ရဲ့ ဂျပန်စကားကလည်း ထင်သလောက်တိုးတက်မလာဘူးထင်လို့ "

The Brightest Star (Zhanyi)Donde viven las historias. Descúbrelo ahora