Ep - 11

3.8K 540 40
                                    

(Unicode)

ထမင်းစားပြီး Yamamoto Yuanက အခန်းထဲဝင်လာခဲ့တယ်။

ကုတင်ပေါ်မှာ ထိုင်စောင့်နေတဲ့ ရိပေါ်ကိုမြင်ပေမယ့် ဂရုမစိုက်ပဲ ဂိမ်းဆော့ဖို့လုပ်တော့တာပဲ။

ဒါပေမယ့် အဲ့ကလေးကို ဂိမ်းဆော့ခိုင်းလို့မရဘူးလေ။ ရေချိူးပေးမှရမှာ။

" ယွမ်ချန် "

ဂျပန်မှာဆို ရင်းနှီးတဲ့သူတွေနဲ့ ကလေးလေးတွေဆို "ချန်" ဆိုတာလေး ထည့်ခေါ်လေ့ရှိကြတယ်။ ဥပမာ ချစ်စရာကောင်းတဲ့ကလေးလေးတွေဆို မျိူးရိုးနာမည်ရဲ့နောက်မှာဖြစ်ဖြစ် ကိုယ့်နာမည်ရဲ့နောက်မှာဖြစ်ဖြစ် "ချန် " ထည့်ခေါ်လိုက်ရင် ပိုရင်းနှီးသွားသလိုမျိုး။

ဒီကလေးကတော့ခြွင်းချက်ပေါ့လေ။ ချစ်စရာမကောင်းသလို နည်းနည်းလေးမှကို မရင်းနှီးချင်ဘူး။ ပိုက်ဆံယူထားလို့သာ အဖက်လုပ်နေရတာ။ ကိုယ့်စိတ်နဲ့သာဆို ဒီလိုစရိုက်နဲ့ကလေး ရိုက်စုတ်ပစ်တယ်။

ဘာလဲဆိုတဲ့ပုံစံနဲ့ ဂိမ်းဆော့ရင်းနဲ့မျက်လုံးလှန်ကြည့်လာတဲ့ကလေးစုတ်ဟာဆ်ိုရင် တကယ်ကို ပိတ်ရိုက်ချင်စရာလေး။

မမြင်ဖူးခင်ကတည်းက အမြင်မကြည်လို့လားမသိ မျက်စိရှေ့မှာ တွေ့နေရတော့လည်း ရိုက်သတ်ချင်စိတ်တွေတဖွားဖွားဖြစ်တာမို့ ကိုယ့်လက်သီးကိုယ်ဆုပ်ပြီး အံကြိတ်ထားရသည့်အဖြစ်။

စိတ်ထိန်း သူက ကလေးလေးပဲရှိသေးတာ။ ψ'ー')ノ

" ယွမ် ချန် .....ရေချိူးကြစို့နော် "

" မချိုးချင်ဘူး "

မပြုံးချင်ပဲ ဖြစ်ညှစ်ပြုံးကာ အတတ်နိုင်ဆုံး အသံကိုလျှော့ပြီး ချော့ခေါ်ပေမယ့်လည်း ရိပေါ်ရဲ့ဒေါသတွေဟာ ငယ်ထိပ်ကိုဆောင့်တက်ခဲ့တော့တာပဲ။

ဒီနေရာမှာသာ သူ့ညီဆိုရင် ငါးချက်လောက်ကတော့ ဆင့်ရိုက်ပြီးပြီ။

" မချိုးလို့မရဘူးလေ။ ဥက္ကဌကြီးက အစ်ကို့ကိုဆူမှာပေါ့ "

" အဲတာဘာလုပ်ရမလဲ "

မထိတထိမျက်နှာပေးဖြင့် ဂိမ်းပဲဆက်ဆော့နေတာကြောင့်မို့ ရိပေါ်ဟာ တကယ်စိတ်ထိန်းမရတော့။ ဒီနေ့သူ့တာဝန်က ဒီကလေးကို ရေချိုးပေးနိုင်ဖို့။ ဇောက်ထိုးပဲချိုးပေးရပေးရ ရေချိူးပေးနိုင်ဖို့က အရေးကြီးတာမို့ စိတ်ထဲမှာဘာမှသိပ်ဂရုမစိုက်ချင်တော့။

The Brightest Star (Zhanyi)Donde viven las historias. Descúbrelo ahora