(Unicode)
အိပ်ယာနိုးလာတော့ အောက်ပိုင်းက ခပ်အောင့်အောင့်နဲ့။ မနေ့ညက ဘာတွေဖြစ်ခဲ့လည်းဆိုတာကို ရိပေါ်အကုန်မှတ်မိတယ်။ ဒါပေမဲ့ဘာတတ်နိုင်မှာလဲ။ ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီ။
တစ်ကိုယ်လုံးမိမွေးတိုင်းဖမွေးတိုင်းဖြစ်နေလို့ မျက်လုံးကိုမဖွင့်ရဲသေးဘူး။ ခုချိန်မှာ ကိုယ်က ဘယ်လိုပုံစံကြီးများဖြစ်နေမှာပါလိမ့်။
လည်ပင်းထိအုပ်ထားတဲ့စောင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း မနေ့ညက အကြောင်းတွေပြန်စဥ်းစားမိတယ်။ ကိုယ့်ဘက်ကလည်းတောင်းဆိုခဲ့တာမလား။ အောက်ကျလိုက်တာ။ ဒီလူနဲ့ မပက်သက်ချင်ပါဘူးဆိုမှ ပေးလိုက်ရတာက ဘဝတစ်ခုလုံးကြီး။
ကိစ္စတော့မရှိပါဘူးယောကျာ်းလေးအချင်းချင်းအတွေ့အကြုံရတာပေါ့။ တစ်သက်မှာတစ်ခါ။
ပြန်တွေးကြည့်မိတော့ ငိုချင်သလိုရယ်ချင်သလိုကြီး။ ငိုချင်တာက ရာခိုင်နှုန်းပိုတယ်။ ကိုယ်က ခံရသူမဟုတ်လား။ အဓိပ္ပာယ်မရှိလိုက်တာ။
ရိပေါ် မျက်လုံးကိုမဖွင့်ရဲသေးဘူး။ တော်ကြာ ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေမိမှာစိုးလို့။
ရိပေါ်မနေ့ညတုန်းက ညည်းခဲ့တဲ့နာမည်ကိုသတိရသွားတယ်။
ရှောင်း ဘာ ?
ရှောင်းကျန့် ! ရှောင်းကျန့်ဆိုတော့ တရုတ်လူမျိုး !
Satou sean က ဂျပန်လူမျိုးမဟုတ်ဘူးလား ဒီလူက ဘာပါလိမ့် အတွေးပေါင်းများစွာနဲ့ ခန္ဓာကိုယ်ကို နည်းနည်းလူးလိမ့်မိတော့ အောက်ပိုင်းက မျက်ကနဲပဲ။
အား ! ကျွတ် ကျွတ်လို့ အားရပါးရ ညည်းလိုက်ချင်ပေမယ့် ဘေးနားကလူနိုးသွားမှာစိုးလို့ အသံမထွက်ရဲဘူး။
သူနဲ့ မျက်နှာချင်းမဆိုင်ရဲဘူး။
မျက်လုံးဖွင့်လို့ကြည့်လိုက်တော့ ဘေးနားက ရှောင်းကျန့်က ရိပေါ်ကို ကျောပေးပြီး အိပ်နေလေရဲ့။
ကျောပြင်ဖွေးဖွေးကိုကြည့်ပြီး ရိပေါ်အလိုမကျဖြစ်လိုက်တာ။
![](https://img.wattpad.com/cover/245539911-288-k969950.jpg)
YOU ARE READING
The Brightest Star (Zhanyi)
Fanfiction(Unicode) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး ..... (Zawgyi) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး .....