Ep - 4

4.7K 587 9
                                    

(Unicode )

ယွီပင်းက ရိပေါ်ကို ခေါင်မိုးထပ်ကိုခေါ်သွားပေးတယ်။

ဒီဇိုင်းကိစ္စနဲ့ပက်သက်ပြီး စိတ်ညစ်တိုင်း လာအော်တဲ့နေရာတဲ့။

ဒီကောင်ကအဲ့လိုပဲ အမြဲရူးကြောင်ကြောင်နဲ့။ ကျောင်းပရဝဏ်ထဲက အမြင့်ဆုံး အဆောင်ရဲ့ အပေါ်ဆုံးထပ်ဖြစ်လို့ တိုကျိုမြို့တစ်စိတ်တစ်ပိုင်းကို တိုက်ပေါ်ကနေလှမ်းမြင်ရတယ်။

တိုကျိုမြို့လယ်ဖြစ်တဲ့ ရှိဘုယမှာ တည်ရှိတဲ့ကျောင်းဝင်းကျယ်ကြီးကို အပေါ်စီးကမြင်ရတဲ့မြင်ကွင်းကတကယ်မိုက်တယ်။ ကျောင်းကြီးကလည်း တကယ့်အကျယ်ကြီးပဲ။

ယွီပင်းက ဒီမှာနေခဲ့မလား အိမ်သာအတူလိုက်ဦးမလားလို့မေးတော့ ဒီမှာနေရင်း လေညင်းခနခံနေဖို့ပဲရွေးလိုက်တယ်။

ယွီပင်းကတော့ ကိစ္စရှင်းဖို့ အိမ်သာခနသွားတယ်။

အမှတ်တရအနေနဲ့ မြင်ကွင်းတွေကိုဖုန်းနဲ့လိုက်ပြီးမှတ်တမ်းတင်တယ်။

douyin ဆော့ရတာ ဝါသနာပါတဲ့ရိပေါ်က douyin မှာတကယ့် ဆယ်လီပဲ။

ရိပေါ်က အကလည်းဝါသနာပါတဲ့အပြင် ကျောင်းတုန်းက street danceပြိုင်ပွဲတွေမှာဆိုဆရာကြီး။ ပွဲတိုင်းမှာ ရိပေါ်က မပါမဖြစ် ပွဲတိုင်းကျော် ။

တစ်ထပ်လုံးမှာ ဘယ်သူမှမရှိတာမို့ ဖုန်းထုပ်ပီး လောလောဆယ် trending ဖြစ်နေတဲ့အလိုက် ရိပေါ်က douyin ဆော့တယ်။

ဘယ်သူမှမရှိတော့ ခေါင်မိုးတစ်ထပ်လုံးက ရိပေါ်စိတ်တိုင်းကျပဲ။

နှစ်ပုဒ်သုံးပုဒ်ဆော့ပြီးတဲ့အထိ ယွီပင်းက မလာသေးဘူး။

ဒီကောင်တော့ အိမ်သာမှာပဲ အခြေချနေပြီထင်တယ်။

ဆော့ထားတဲ့ ဗွီဒီယိုကို တင်လိုက်တာနဲ့ like တွေအများကြီးရပြီး comment တစ်ပြုံကြီးတက်လာတာကိုကြည့်ရတာ ရိပေါ်တကယ်ပျော်တယ်။

ဆယ်လီဖြစ်ရတဲ့ခံစားချက်ကိုလည်းကြိုက်တယ်။ ရိပေါ်ရဲ့ပို့စ်တွေအောက်ဆ်ို ကောင်မလေးတွေကတရုန်းရုန်းပဲ။

တစ်ခါတလေဆို အကဗွီဒီယိုလေးတွေတင်ရင်လည်းအားပေးကြသေးတယ်။

The Brightest Star (Zhanyi)Tahanan ng mga kuwento. Tumuklas ngayon