Ep - 6

4.3K 573 71
                                    

(Unicode )

ဂျပန်ရောက်တာတစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ ရိပေါ်က ကျောင်းတက်ရင်း စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းဝင်လုပ်နေပြီ။

‌ကျောင်းသားတွေက တစ်ပတ်ကို နှစ်ဆယ့်ရှစ်နာရီကျော်ပြီးအလုပ်လုပ်မရတော့လည်း နှစ်ဆယ့်ရှစ်နာရီအတွင်းမှာ ပိုက်ဆံများများရနိုင်တာကတော့စားပွဲထိုးတဲ့အလုပ်ပဲ။ ပုံမှန်ကတော့ ယန်း 1200 လောက်ရပြီး လူကျရင် ကျသလို ပိုက်ဆံပိုရတော့ နှစ်ဆယ့်ရှစ်နာရီစာကလည်း ရိပေါ်တစ်ယောက်တည်းအတွက်ဆိုးတော့ မဆိုးဘူး။

အိမ်ကိုပြန်ပို့စရာမလိုတဲ့အတွက် ဒီငွေပမာဏနဲ့ဆို ရိပေါ်က သုံးနိုင်ဖြုန်းနိုင်တယ်လို့ပြောရမယ်။ စကော်လာကရတဲ့ငွေကလည်းရှိသေးတော့ ယွီပင်းရဲ့အခန်းခကိုလည်း ရိပေါ်က တစ်ဝက်ပေးတယ်။ ကျန်တဲ့ပိုက်ဆံကတော့ ကျောင်းကခပေးပြီး ကိုယ်သုံးပေါ့။

ရိပေါ်အလုပ်လုပ်နေတဲ့စားသောက်ဆိုင်က အနုပညာရှင်တွေအများဆုံးလာတဲ့နေရာမို့ ပတ်ဝန်းကျင်က ဆိတ်ငြိမ်ပြီးအေးချမ်းတယ်။ ဒါပေမယ့် အနုပညာရှင်တွေ ဆိုင်ကိုလာတဲ့အချိန်မှာ စားပွဲထိုးတွေက ဓာတ်ပုံတွဲရိုက်ခွင့် လက်မှတ်တောင်းခွင့်မရှိဘူး။ ငေးကြည့်ရုံပဲရတယ်။ privacy ကို အလေးထားရတယ်။

ရိပေါ်က လမ်းမှာ အလုပ်ခေါ်စာဝေလို့သာ ဝင်လျှောက်လိုက်တာ တကယ်က အနုပညာရှင်တွေလာတတ်တဲ့ဆိုင်မှန်းမသိခဲ့ဘူး။

ရိပေါ်လည်း ဘယ်အနုပညာရှင်လာလာစိတ်မဝင်စားပါဘူး။ ပိုက်ဆံရဖို့ကလွဲပြီးအာရုံမလာဘူး။ ပြီးတော့ ရိပေါ်က ဂျပန် နာမည်ကြီးတွေဘက်မသိဘူးလေ။

ရိပေါ်က ဂျပန်ဘွဲ့သာရသွားတာ ဇာတ်ကားက တစ်ကားမှတောင်မကြည့်ခဲ့ဘူး။ ယုတ်စွဆုံး အရမ်းနာမည်ကြီးပါတယ်ပြောတဲ့ anime your name တောင်မကြည့်ဖူးဘူး။

ရိပေါ်က ဂျပန်နဲ့ပက်သက်လာရင် ဇာတ်ကားတွေ anime တွေကြည့်ဖို့မပြောနဲ့ သီချင်းတောင်နားမထောင်ဘူး

ဂျပန်ကားတွေဆို ကြည့်ရတာပျင်းတယ်။ သရုပ်ဆောင်တာ တောင့်တောင့်ကြီးတွေနဲ့ အသံခပ်မြန်မြန်တွေ ခပ်အီအီတွေက ရိပေါ်အတွက် နားထောင်ရတာ သိပ်အဆင်မပြေသလ်ို တချို့ဟာတွေကျ ဘာတွေပြောသွားမှန်းကိုနားမလည်တာ။ တစ်ခါလေဆို ဂျပန်ကားကြည့်မိရင် တတ်ထားတဲ့ ဂျပန်စာတွေတောင်မေ့သွားသလိုပဲ။

The Brightest Star (Zhanyi)Where stories live. Discover now