Ep - 21

4K 550 85
                                    

(Unicode)

" အိုနီးချန် ဒီည သားနဲ့အိပ်ပေးပါလားဟင် "

အားယွမ်ရဲ့တောင်းဆိုမှုကြောင့် မျက်ခုံးက ခပ်လှုပ်လှုပ်။

မအိပ်ချင်ဘူးလို့ငြင်းရအောင်လည်း အကြောင်းပြချက်တောင်းရင်ပေးစရာမရှိ။

ကုတင်သေးလို့ဆိုပြီး ကုတင်ကို ဓားစာခံလုပ်ရအောင်ကလည်း ဒီကလေးကုတင်က အကြီးကြီး။  (¬_¬)

လက်မောင်းကို ကိုင်လှုပ်ပြီး အိပ်မယ်မပြောမချင်းဂျီကျနေတဲ့ အားယွမ်က သနားတော့ သနားစရာလေး။

သနားပေမယ့်လည်း မအိပ်ချင်ဘူးကွာ  ノಠ_ಠノ

"  ယွမ်ချန်နဲ့ အိပ်ဖို့ရာအဆင်မပြေလောက်ဘူး.. အိုနီးချန်က ရေလည်းမချိုးခဲ့ရသေးဘူးလေ ...လဲစရာအကျီမပါခဲ့ဘူး.... ယွမ်ချန်နဲ့ အိပ်ရင် အိပ်ယာတွေနံကုန်မှာပေါ့ ဟီးဟီး "

ကလေးဆိုပြီး မလှိမ့်တပတ်နဲ့ အကြောင်ရိုက်လို့များရမလားလို့ထင်ခဲ့ပေမယ့် အားယွမ်ကတော့ အဲ့လိုကလေးထဲမှာမပါဘူး။

" ရေချိုးပြီးမှအိပ်မယ်လေ .... အကျီလိုချင်တာလား ... အိုဂျီးစံ ( ဦးလေး )
အခန်းသွားယူပေးမှာပေါ့... မဟုတ်သေးဘူး အိုတိုးစံ ( အဖေ) အကျီတွေဆိုလည်း အဆင်ပြေတယ် ဟုတ်တယ်မလား "

အကျီသွားယူမယ်ဆိုပြီး ပြေးထွက်သွားတာကြောင့် အားယွမ်ကို အမြန်ပဲလိုက်ဖမ်းရတယ်။

မအိပ်ချင်လို့ လျှောက်ပြောကာမှ ငယ်ထိပ်မြွေပေါက်မယ့်အဖြစ်တော့ အဖြစ်မခံနိုင်။

" ရတယ် ရတယ် ....သွားမယူနဲ့။ အိုနီးချန်က အားယွမ်နဲ့ အိပ်ပေးမှာပါ"

" ကျေးဇူးတင်ပါတယ် အိုနီးချန် "

" ဟီး "

နှုတ်ခမ်းက ရယ်ပြလိုက်ပေမယ့် ရင်ဘတ်ထဲတော့ ငိုနေပြီ။

Satou sean နဲ့ထပ်တွေ့နေရရင်ဘယ်လိုလုပ်မလဲ ။

" ရော့ ..... "

ရေချိုးခန်းထဲက ထွက်လာတဲ့ ရိပေါ်ကို အားယွမ်က ညအိပ်ဝတ်စုံကြီးတစ်စုံပေးတယ်။

" ဒါဘာကြီးလဲ "

" အိုနီးချန်ဝတ်လို့ရအောင်လို့လေ "

The Brightest Star (Zhanyi)Where stories live. Discover now