(Unicode)
ရိပေါ်က ခေါင်းမာတဲ့သူ။ လုပ်ချင်တာကို ရအောင်လုပ်တတ်တဲ့သူဖြစ်တာမို့ ဆေးရုံကနေဆင်းပြီးစာမေးပွဲသွားဖြေလေတယ်။ အစာအိမ်ယောင်တာလည်းသက်သာသွားပြီဖြစ်လို့ ဆေးရုံဆက်တက်စရာမလိုတော့ဘူးထင်လို့လည်းပါတယ်။
ရိပေါ်က အစကတည်းက ဆေးသောက်ရတာ ဆေးထိုးရတာကြိုက်တဲ့သူမဟုတ်ဘူး။ ဆေးရုံဆေးခန်းဆိုတာကလည်း ဝေးဝေးရှောင်ချင်တဲ့နေရာတွေ။ခုလို ဆေးရုံတက်ရတော့ ရိပေါ်အတွက်က စိတ်မသက်သာလှ။
ဆေးရုံစရိတ်တွေက ယွီပင်းပဲရှင်းပေးထားရတာဆိုပြီး ရိပေါ်ကယွီပင်းကို အားနာလှပြီ။
အမှန်က ရှောင်းကျန့်ကပဲ ဆေးရုံစရိတ်တွေကို ရှင်းပေးခဲ့တာဖြစ်တယ်ဆိုတာကိုတော့ ရိပေါ်မသိ။
ရှောင်းကျန့်ကတော့ ရိုက်ကူးရေးမပြီးသေးဘူးဆိုပြီး ယာမဂါ့တကိုပြန်သွားပြန်ပြီ။
စာမေးပွဲအပြီး အတန်းထဲက သူငယ်ချင်းတွေကလည်း ညကျ သူတို့နဲ့ အတူ တစ်ဝိုင်းလောက်ထောင်ဖို့ လာဖိတ်လေတယ်။ ဒါပေမယ့် အစာအိမ်ယောင်ထားတာကြောင့် သောက်လို့မရ။
" ရိပေါ်စံ ဒီနေ့အားလား "
အတန်းထဲမှ ဂျပန် ကောင်မလေး တစ်သိုက်က ရိပေါ်ကိုလာမေးတာဖြစ်တယ်။
ဒီနေ့ကတော့ Yamamoto စံအိမ်ပြန်ရမှာကလွဲရင် ဘာမှအထွေအထူးလုပ်စရာမရှိ။ အားယွမ်လေးအတွက် မုန့်တစ်ခုခု ဝယ်သွားဖို့တော့စဥ်းစားထားသေးတယ် အားယွမ်က လမ်းဘေးအစားအစာတွေတော့အတော်ကြိုက်တာကြောင့်။
" အားပါတယ်။ ဒါပေမယ့် ... "
အတန်းထဲက ကောင်မလေးတွေက ခပ်သွက်သွက်နဲ့ သူ့ ပရိတ်သတ်တွေကများတယ်ဆိုတော့ သေချာပေါက် သူ့ကို တစ်ခုခုကျွေးဖို့ စကားစ,တယ်ဆိုတာ ရိပေါ်သိတယ်။ ဒါပေမယ့် မသွားချင်ပါဘူး။ သူတို့က လက်ရဲဇက်ရဲ ပြောရဲဆိုရဲတွေရယ်။
တော်ကြာ ချစ်ပါတယ် ကြိုက်ပါတယ် လာပြောနေရင် ဘယ်လိုလုပ်မလဲ။ (¬_¬)
အဲ့လောက်ကြီးတော့ မတွေးချင်ပေမယ့် ဟိုနေ့က အဖြစ်အပျက်ကိုတွေးမိတိုင်း လန့်နေရသေးတုန်း.

KAMU SEDANG MEMBACA
The Brightest Star (Zhanyi)
Fiksi Penggemar(Unicode) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး ..... (Zawgyi) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး .....