Ep - 24

4.5K 588 105
                                    

(Unicode)

Disney land ရောက်တော့ လက်မှတ်ဝယ်တဲ့နေရာမှာရပ်ပြီးလက်မှတ်ဝယ်ကြတဲ့အခါရိပေါ်က အားယွမ်နဲ့သူ့အတွက် နှစ်ယောက်စာလက်မှတ်ဝယ်လိုက်ပေမယ့် ရှောင်းကျန့်အတွက် မဝယ်ပေးဘူး။

ရှောင်းကျန့်ကတော့ သူ့အတွက်ပါလက်မှတ်ပါမယ်အထင်နဲ့ ရပ်‌နေတာ ခပ်တည်တည်ပဲ။

လက်မှတ်နှစ်စောင်ဖြတ်ပြီး ရိပေါ်က အားယွမ်ကိုခေါ်လို့အထဲကိုဝင်တော့ ရှောင်းကျန့်က နောက်ကနေလိုက်မလို့ပေမယ့် ၊ ဘယ်မလဲ လက်မှတ် ?

လက်မှတ်မရှိပဲ အထဲကိုဝင်မရဘူးလေ။

" ကိုယ့်အတွက် လက်မှတ်ကော "

" မပါဘူး အထဲဝင်ချင်ရင် က်ိုယ့်ပိုက်ဆံနဲ့ကိုယ်လက်မှတ်ဝယ်။ ခင်ဗျားအတွက်စေတနာမပါဘူး "

Mask အောက်က ရှောင်းကျန့်ရဲ့ မျက်နှာကတော့ တကယ့်ကိုမသာမယာပါပဲ။

စဥ်းစားကြည့်လေ နားလည်ရခက်လေ။

ပရိတ်သတ်တွေဆို ကိုယ့်ကိုချစ်ကြလွန်းလို့ တကူးတက လက်ဆောင်တွေဝယ်ပေး supportပေးကြနဲ့ တော်တော်ဖြစ်နေကြတဲ့အချိန်မှာ ဒီကောင်လေးကျမှ စေတနာမပါဘူးဆိုတာကတော့ တအားများသွားပြီမဟုတ်လား။

ဖီလင်က ဘယ်လိုပြောရမလဲဆိုရင် တော်တော်လေးခံရခက်ပါတယ်။

" မင်း "

" လက်မှတ်ဝယ်လိုက်ပါဦး...ကျွန်တော်တို့တော့ အရင်ဝင်နှင့်ပြီ "

ပြောင်စပ်စပ်မျက်နှာပေးနဲ့ ရိပေါ်ကတော့ အားယွမ်ကိုခေါ်ပြီး အထဲကိုဝင်သွားတဲ့အခါ ရှောင်းကျန့်က လက်မှတ်ဝယ်ဖို့ပြန်တန်းစီနေရင်း ဆွေ့ဆွေ့ခုန်နေလေရဲ့။

မှတ်စမ်း !

အထဲရောက်လာတော့ ရိပေါ်က ဘေးဘီဝဲယာကိုလည်ကြည့်ပြီး ပြုံးတယ်။ဒီကိုရောက်ဖူးချင်နေတာကြာပြီ ။ တီဗွီထဲတို့ ဖုန်းထဲတို့မှာပဲတွေ့နေရတာ ခုတော့ ကိုယ်တိုင် Disney land ကိုရောက်နိုင်ခဲ့ပြီ။

အားယွမ်လက်ကိုဆွဲပြီး ကစားဖို့ရာသွားမယ်အလုပ် အားယွမ်က ရိပေါ်ခေါ်ရာနောက်မလိုက်ပဲ အပေါက်ဝနားမှာတင်ရပ်နေပြီး လက်ကိုအသာ‌လေး ဆောင့်ဆွဲလို့ ပြောတာက

The Brightest Star (Zhanyi)Dove le storie prendono vita. Scoprilo ora