Ep - 17

4.1K 565 35
                                    

(Unicode)

အိမ်ပြန်ရောက်တာနဲ့ လွယ်အိတ်ကိုပစ်ချပြီး အိပ်ယာပေါ်ကိုပစ်လှဲလိုက်တယ်။

ဒေါသထွက်နေတာ ခုထိမပြေသေးဘူး။ ဘူတာမှားဆင်းလို့ အိမ်ကို ညနက်မှပြန်ရောက်တယ် ။ Satou sean ကတကယ် ကောင်းကျိုးကိုမပေးတဲ့လူ။

မေတ္တာက package နဲ့ကို တုံးတာ! (¬_¬)

ယွီပင်းကလည်း အလုပ်က အချိန်ပိုရှိလို့ ဒီညအိမ်ပြန်မလာတာကြောင့် အိမ်ထဲမှာက ကိုယ်တစ်ယောက်တည်း။

ညဆို တိုက်ခန်းထဲတစ်ယောက်တည်းနေရမှာ ခပ်လန့်လန့်ရယ်။
ကြားဖူးတာတော့ ဂျပန်က ကမ္ဘာပေါ်မှ သရဲအပေါဆုံးနိုင်ငံထဲက တစ်ခုတဲ့။

တိုက်ခန်းတွေမှာဆို ရှိနိုင်ချေပိုများတယ်ဆိုလို့ ညညဆို ဝရန်တာဘက်ထွက်ရမှာတောင် ခပ်ကြောက်ကြောက်။ ညဆို အပြင်ဘက်မထွက်တော့တာများတယ်။

ပြီးတော့ အကျင့်တစ်ခုရှိတယ်။ ညမှာ တစ်ယောက်တည်းဆို ဓာတ်လှေကားဘယ်တော့မှမစီးဘူး။အဖော်ပါမှစီးတယ်။ တော်ကြာ ဖတ်ဖူးထားတဲ့စာတွေထဲကလို ဓာတ်လှေကားစီးရင်း မကောင်းဆိုးဝါးတွေနဲ့တွေ့ပြီး တစ်ခြားကမ္ဘာကိုရောက်သွားရင် ဘယ်လိုလုပ်မလဲ။

ဘယ်လောက်ပဲအထပ်မြင့်မြင့် လှေကားဘက်ကနေတက်တာများတယ်။

ဒါပေမယ့်ခုနေတဲ့တိုက်ခန်းက သုံးထပ်တိုက်ဖြစ်လို့ ရိပေါ်အတွက်ကအဆင်ပြေတယ်။

အလယ်ထပ်မှာနေတဲ့အတွက်ကြောင့် လှေကားတွေအများကြီးတက်စရာမလိုသလို ဓာတ်လှေကားလည်းစီးစရာမလိုဘူး။

" ဟူး ! မျက်နှာသွားသစ်လိုက်ပါဦးမယ် "

- The Brightest Star -

ရှောင်းကျန့်က ဟိုကိုင်းဒိုးမှာ တစ်လနီးပါးသွားပြီးရုပ်ရှင်ရိုက်ခဲ့ရတာ။

အကုန်လုံးခန့်မှန်းထားကြတာတော့ ဒီတစ်ခေါက်ရုပ်ရှင် ရုံတင်ရင်လည်း ကျိန်းသေပေါက်ဦးမှာ။

တွဲရိုက်ရတဲ့မင်းသမီးကလည်း ဂျပန်မှာ လက်ရှိ အအောင်မြင်ဆုံးမင်းသမီး။

ဂျပန်နံပါတ်တစ်မင်းသားနဲ့ နံပါတ်တစ်မင်းသမီးတို့တွဲရိုက်ထားတဲ့ ရုပ်ရှင်ဆိုတော့ ဘာပြောကောင်းမလဲ။

The Brightest Star (Zhanyi)Donde viven las historias. Descúbrelo ahora