Ep - 35

3.7K 395 79
                                    

(Unicode)

မနက်ဖြန် နှစ်သစ်ကူးမှာဆိုတော့ ဂျပန်တို့ ထုံးစံအတိုင်း နှစ်သစ်မှာ အဟောင်းတွေကိုဖယ်ရှားတဲ့အနေနဲ့ Yamamoto စံအိမ်တစ်အိမ်လုံး သန့်ရှင်းရေးလုပ်နေကြပြီ။ Yamamoto ကတော်( အားယွမ်အမေ) ကတော့ ဂျပန်ရိုးရာ နှစ်သစ်ကူးစားစရာတွေကို ကြည့်ပြီးစီစဥ်နေလေတယ်။

Yamamoto ကတော်လုပ်နေတဲ့ Tashikoshi soba( တာရှိခိုရှိခေါက်ဆွဲ) ကတော့ ရိပေါ်အကြိုက်ဆုံးပဲ။ ဂျပန်တွေက  အသက်ရှည်ရှည်နေနိုင်ဖို့ အဓိပ္ပါယ်နဲ့ ခေါက်ဆွဲစားကြတာဖြစ်တယ်။

"အိုဟိုင်းရိုး( Good morning)  ရိပေါ်စံ။ လာ ခေါက်ဆွဲလာစား "

အိပ်ယာနိုးလာလို့ အားယွမ်နဲ့အတူ အောက်ထပ်ကိုဆင်းလာတော့ အားယွမ်အမေက ရိပေါ်ကိုလှမ်းခေါ်တယ်။

" အိုဟိုင်းရိုး ဂိုဇိုက်မက်စ်(Good morning) "

ရိပေါ်ပြန်နှုတ်ဆက်လို့ စားပွဲမှာ နေရာယူလိုက်တော့ အားယွမ်အမေက စာအိတ်လေးကိုပေးတယ်။ မနှစ်ကလိုပါပဲ။ နှစ်သစ်ကူးမုန့်ဖိုးနဲ့ နှစ်သစ်ကူးဆုတောင်း ကတ်လေး ။ အားယွမ်အမေကတော့ ရိပေါ်ကို သူ့မောင်လေးတစ်ယောက်လိုပဲ အမြဲနွေးထွေးပေးပါတယ်။

ဒီနှစ်မှာ ရှောင်းကျန့် အိမ်မပြန်လာသေးတာကလွဲရင် အကုန်မနှစ်ကအတိုင်းပါပဲ။ ဘာမှမထူးခြားဘူး။

ကျောင်းလည်းပိတ်တယ်ဆိုတော့ ဒီနေ့တစ်နေ့လုံး အားယွမ်နဲ့ပဲ အချိန်ကုန်မှာတော့ သေချာတယ်။

မနက်စာစားပြီးလိူ့ အားယွမ်ကို ကူဆော့ပေးနေရင်း ဖုန်း နိုတီတွေဆက်တိုက်တက်နေတာကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်တယ်။

ဂျပန်မှာရှိတဲ့ မင်းသားမင်းသမီးတွေအကုန်လုံးက ဂျပန်ရဲ့အကြီးဆုံး Newyear Eve ပွဲကိုတက်မယ်ဆိုတဲ့ သတင်းက ထိပ်ဆုံးက တက်လာတယ်။

မနှစ်ကလည်းရှောင်းကျန့် ပွဲတက်တော့ဒီနှစ်လည်း သေချာပေါက် ရှောင်းကျန့်တက်လောက်မှာပဲ။ ဟိုမင်းသမီးလည်းပါချင် ပါမှာပေါ့လို့ တွေးမိလိုက်သေးတယ်။ မနှစ်ကဆိုရင်တော့  ရိပေါ်တောင် ရှောင်းကျန့်ခေါ်လို့ စပ်စုချင်တာရောနဲ့ backstage ထိလိုက်သွားသေးတယ်။

The Brightest Star (Zhanyi)Wo Geschichten leben. Entdecke jetzt