Ep - 27

5.7K 605 36
                                    

(Unicode)

ရိပေါ်တို့ နှင်းလျှောစီးသွားတဲ့နေရာက ရှောင်းကျန့်ရဲ့ ရိုက်ကွင်းရှိလို့ လူတအုန်းအုန်းပဲ။

ဒီလူရှိတဲ့နေရာတိုင်း လူစည်လွန်းတယ် !

ရိပေါ်တို့လည်း ရိုက်ကွင်းက သတ်မှတ်ထားတဲ့ တားမြစ် နယ်မြေကို ဝင်လို့မရတာကြောင့် တခြားဘက်မှာသွားပြီး နှင်းလျှောစီးရတယ်။

မနေ့ညက အကြောင်းတောင်တွေးမိသေးတယ်။ သွားရမလား မသွားရဘူးလားပဲ။

သွားခဲ့ရင်လည်း သူတည်းတဲ့ဟိုတယ်ပဲသိတာ အခန်းနံပါတ် ဘာညာကအစ သိမှမသိပဲ။

ဖုန်းနံပါတ်တော့သိတယ်။ ဒါပေမယ့် မဆက်ချင်ပါဘူး။ ပြီးတော့ သူ့ဆီသွားပြီးဘာလုပ်ရမလဲ။

ဒီနေ့ညတော့ သူငယ်ချင်းတွေနဲ့အုပ်စုလိူက်ကြီး လျှောက်မလည်တော့ပဲ နှစ်ယောက်တစ်အုပ်စု သုံးယောက်တစ်အုပ်စု လည်ချင်တဲ့နေရာတွေသွားလည်ကြမှာ။

ရိပေါ်ကတော့ စုန့်ကျိရန်နဲ့ပဲ လည်ဖြစ်ပြီး ရှောင်းကျန့်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။

ရှောင်းကျန့်က ရိပေါ်ကို တကယ်စောင့်နေတာဆိုတာတော့ ရိပေါ်မသိဘူး။

စာ့ပိုရိုက နှင်းပွဲတော်က ဇန်နဝါရီလမှ ကျင်းပမှာမို့ နောက်သူံးလလောက်လိုသေးတယ် ။

စာ့ပိုရိုရောက်ပြီး ဒုတိယမြောက်ည ဆုဆုခိန်ိုးဘက်ကိုသွားလည်တယ်။

ပိတ်ရက်မရှိ နှစ်ဆယ့်လေးနာရီဖွင့်တဲ့ နိုက်ကလပ်တွေ ဘားတွေ စားသောက်ဆိူင်တွေပေါင်း လေးထောင်ကျော်ရှိတဲ့နေရာ။ တိုကျိုမြောက်ပိုင်းရဲ့ ညမှာပျော်ဖို့အကောင်းဆုံး အဓိကကျတဲ့နေရာလိုပဲ စာ့ပိုရိုကိုသွားပြီဆိုရင် ညရဲ့ပျော်ရွှင်မှုတွေကို အပြည့်အဝခံစားဖို့အတွက် ဆုဆုခိနိုးက အသင့်တော်ဆုံးနေရာပဲ။

ညမှာတော့ စုန့်ကျိရန်နဲ့ လျှောက်လည်ပြီး အစားအသောက်တွေပဲစားဖြစ်ကြတယ်။ ဓာတ်ပုံရိုက်လိုက် tiktok ဆော့လိုက်နဲ့ ဂျပန်ကကောလိပ်ကျောင်းသားဘဝက တကယ့်ကိုသာယာမှုအပြည့်နဲ့ ပျော်ချင်စရာကောင်းနေတော့တာပဲ။

The Brightest Star (Zhanyi)Tempat cerita menjadi hidup. Temukan sekarang