Ep - 8

4.3K 549 20
                                        

(Unicode)

ရိပေါ်က အလုပ်ပြုတ်ခဲ့ပေမယ့် ယွီပင်းက သူလျှောက်ချင်တဲ့ ကုမ္ပဏီမှာ အင်တာဗျူးအောင်ပြီး Special Stylist ရာထူးရသွားပြီ။

သူ့ရဲ့တာဝန်က နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ အဝတ်အစားတွေကို တာဝန်ယူဖို့။ လုပ်သက်တစ်နှစ်တောင်မပြည့်သေးတဲ့ ဂျူနီယာတစ်ယောက်က ဒီလို နေရာမျိုးရတာ ယွီပင်းကလည်း ခေသူမဟုတ်ကြောင်း သိနိုင်တဲ့အချက်တစ်ချက်။

အလုပ်ပြုတ်လာမှန်းသိတော့ ရိပေါ်ကို ယွီပင်းက အလုပ်ရှာပေးမယ်ပြောထားတယ်။

ပြီးတော့ Satou sean တစ်ဖြစ်လည်း ရှောင်းကျန့်ကို ရိပေါ်က အတော်လေး အမြင်ကတ်နေတာကိုတော့ သိထားတယ် ။

နာမည်ကြီးတွေနဲ့တွဲလုပ်ရမှာဆိုတော့ နောက်ကျရင် Satou sean နဲ့အလုပ်လုပ်ဖို့ဖြစ်လာနိုင်တာပဲလို့တောင်တွေးမိသေးတယ်။

ဒါ‌ပေမယ့် ယွီပင်းအလုပ်လုပ်ရမယ့်ကုမ္ပဏီက ရှောင်းကျန့်ယောက်ဖ ကျိုးချန်ရဲ့ ကုမ္ပဏီဆိုတာတော့ ယွီပင်းလည်းမသိဘူး။

ရိပေါ်ကတော့ ဘာမှလုပ်စရာမရှိတာကြောင့် ကျောင်းသွားလိုက် စားလိုက် အိပ်လိုက်ပဲ။

Language school မှာ ရှားရှားပါးပါး တရုတ်လေးတစ်ယောက်နဲ့ခင်ခဲ့သေးတယ်။ နာမည်က စုန့်ကျိရန်။

လူကောင်က ရိပေါ်ထက်ထွားတယ်။  အသားက ဖြူစုတ်စုတ်နဲ့ အေးတိအေးစက်။ အစက ပေါင်းရခက်မယ့် ရေခဲတုံးလ်ို့ထင်ခဲ့ပေမယ့်  နည်းနည်းကြာလာတော့ အင်မတန်စကားများတဲ့ သာလိကာလို လူစားမှန်းသိလိုက်ရတယ်။

တစ်ခါတလေဆ်ို အဒေါ်ကြီးတွေလိုပဲ ပွစိပွစိပြောတတ်ပါသေးတယ်။

ဒါပေမယ့် ဒီကောင်က social media ပေါ်မှာဆို ရိပေါ်လိုပဲ တကယ့် ဆယ်လီ။ ရိပေါ်နဲ့အတူ တွဲရိုက်ထားတဲ့ tiktok က ဗွီဒီယို တစ်ခုဆို like သန်းနဲ့ချီတောင်ရထားတယ်။

ဆယ်လီ ချူးဂေါခုဂျင်း ( တရုတ်နိုင်ငံသား ) လေးတွေဆိုပြီး ဂျပန်မလေးတွေကြားမှာ နာမည်ကြီးလာတာ တစ်ပတ်အတွင်းမှာ ချက်ချင်းပဲ။

ဂျပန်စာကိုပဲကျက်ပြီး ဇာတ်ကားတွေ ဒရမ်မာတွေမကြည့်ခဲ့တဲ့ရိပေါ်က ဂျပန်ရဲ့ နေ့စဥ်အသုံးအနှုန်းတွေနဲ့ သိပ်မရင်းနှီးလို့ ပေါက်ကရတွေလျှောက်ပြောမိရင် ကျိရန်က ပြင်ပေးတယ်။

The Brightest Star (Zhanyi)Onde histórias criam vida. Descubra agora