(Unicode)
ရိပေါ်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက်သားလေး ရှောင်းကျန့်က ကုတင်ကို ခေါင်းမှီလို့ အိပ်ပျော်သွားခဲ့တယ်။
မနက်ရောက်တော့ လက်ကောက်ဝတ်က တင်းကျပ်ကျပ် ခံစားမှုနဲ့အတူ ရိပေါ်က နိုးလာခဲ့တယ်။ မနေ့ညက ဆေးသောက်ပြီး ကောင်းကောင်းကြီးကို အိပ်ပျော်သွားတာပဲ။
ဘယ်သူများလဲလို့ခေါင်းထောင်ကြည့်လိုက်တော့ မတွေ့ရတာကြာပြီဖြစ်တဲ့ မင်းသားဖြစ်နေတယ်
(ノ ̄ー ̄)ノရှောင်းကျန့်က ဘယ်လိုရောက်လာတာလဲ? ရှောင်းကျန့်လက်တွေကို ဖြုတ်ချလိုက်တော့ အိပ်ချင်မူးတူးနဲ့နိုးလာလေရဲ့။
" ရိ ရိပေါ်နိုးပြီလား "
အိပ်စုန်မှုန်မွှားဖြစ်နေရာကနေ ရှောင်းကျန့်က မျက်လုံးပြူးလာပြီး ရိပေါ်ကို ဆွဲဖက်တော့တာပဲ။
" အွတ် "
ရှောင်းကျန့်က ရိပေါ်ကို ဆွဲဖက်လိုက်တာ အားကြီးနဲ့ဆိုတော့ အွတ်ခနဲပဲ။
" ဖယ်စမ်း။ အသက်ရှုကြပ်တယ်။ "
ရှောင်းကျန့်ကို အတင်းဆွဲခွာဖို့ရာက လက်နာနေနဲ့အပြင် ဆေးထိုးအပ်တန်းလန်းကြီးနဲ့ကြောင့် အလုပ်မဖြစ်။
" ခဏလေး ခဏလေး ဒီလိုနေပါရစေ။ လွမ်းနေတာ အရမ်းလွမ်းနေတာ။ အများကြီးလွမ်းနေတာ "
ရှောင်းကျန့်က ရိပေါ်ကိုပိုပြီး ခပ်တင်းတင်းဖက်ထားတယ်။
" ခင်ဗျားက ဘယ်သူလဲ"
" အမ် ရိပေါ် ကိုယ် ရှောင်းကျန့်လေ။ မင်းကြည့်မရတဲ့မင်းသား Satou sean လေ ။ နောက်နေတာမလား "
ဖက်ထားရာကနေခွာလို့ ရိပေါ်ပခုံးနှစ်ဖက်ကို ထိန်းကိုင်ပြီး ရိပေါ်ကို သေချာစိုက်ကြည့်တယ်။
ခေါင်းက အကောင်းကြီးပါ။ (ಠ⌣ಠ)
ရှောင်းကျန့်က တကယ်မယုံနိုင်ဘူး။ ရိပေါ်ဖြစ်တာ အစာအိမ်ရောင်တာပါ ။ ဘယ်လိုလုပ်ပြီး ခေါင်းကိုထိသွားရတာလဲ။
" အား ခေါင်းကိုက်တယ် "
နားထင်ကို ဖိလို့ ခေါင်းကိုက်တဲ့ပုံစံလုပ်ပြီး ရှောင်းကျန့်ကို အသာခိုးကြည့်ရတယ်။ ရှောင်းကျန့်ကတော့ ဆရာဝန်ပဲပြေးခေါ်ရတော့မလိုလိုနဲ့ယောက်ယက်ခတ်နေတာကို ကြည့်ပြီး ရိပေါ် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်။

YOU ARE READING
The Brightest Star (Zhanyi)
Fanfiction(Unicode) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး ..... (Zawgyi) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး .....