(Unicode)
ဝင်လာတာ ဘယ်အခန်းမှန်းတော့မသိပေမယ့် အခန်းကြီးက အတော်သားနားတာကြောင့် ဒီအိမ်က လူတစ်ယောက်ယောက်ရဲ့ အခန်းဖြစ်မှာတော့ အသေအချာ။
သူဌေးလင်မယားရဲ့အခန်းတော့ ဟုတ်ပုံမရ။ ကိုယ်နဲ့မဆိုင်တာကြောင့် အခန်းထဲဘာရှိလဲ မစပ်စုအား။ ခုကိုယ်နဲ့ဆိုင်တာက ယွမ်ချန်ဆိုတဲ့ကလေးစုတ် Yamamoto yuan ကိုရှာဖို့။
" ယွမ်ချန် "
"ယွမ်ချန် .... ထွက်လာခဲ့ပါ .... အဝတ်အစားမဝတ်ပဲလျှောက်သွားနေလို့မရဘူးလေ။ "
ဘယ်သူ့အခန်းမှန်းမသိတာကြောင့် သိပ်လည်းမအော်ရဲ။ သောက်ကလေးစုတ်က ဘယ်နားပုန်းနေမှန်းကိုမသိတာ။
ကုတင်ကလည်း အပိတ်ကြီးမို့ ကုတင်အောက်မှာပုန်းနိုင်စရာအကြောင်းမရှိ။ ဘီရိုထဲများလားလို့ စဥ်းစားမိတော့ သူများဘီရိုကိုဖွင့်ကြည့်ရအောင်လည်း အဲ့လောက် သတ္တိမရှိပါဘူး။ တော်ကြာတစ်ခုခု ပျောက်သွားရင် အလကားနေရင်း ငယ်ထိပ်မြွေပေါက်ခံရဦးမယ်။
" ခိ ခိ "
အသံကြားလို့လှည့်ကြည့်လိုက်တော့ အပေါက်ဝမှာရပ်နေတဲ့ကလေးစုတ်လေး။ ဘယ်လိုလုပ်ပြီးများ တံခါးဝမှာရောက်နေတာပါလိမ့်။
တကယ်တမ်း ကလေးက တံခါးရဲ့နောက်မှာပုန်းနေခဲ့တာ ။
ခုအခန်းက ယွမ်ချန်တစ်ဖြစ်လည်း Yamamoto yuan (အိမ်အခေါ် အားယွမ် ) ရဲ့အကြောက်ရဆုံး ဦးလေးဖြစ်သူ ရှောင်းကျန့်ရဲ့အခန်း။
ရှောင်းကျန့်က အားယွမ်ကို သူ့အခန်းထဲဝင်ခွင့်ပေးမထားဘူး။ အားယွမ်က ရှောင်းကျန့်အခန်းထဲကို ဝင်ပြီးကစားမိရင် အားယွမ်က ရှောင်းကျန့်ရိုက်တာ အမြဲခံရတယ်။
အဲတာကိုသိလို့ အားယွမ်ကလည်း သက်သက်မဲ့ ရိပေါ်ကို ရှောင်းကျန့်အခန်းထဲကို မျှားခေါ်လာတာ။
အသားနာအောင်လုပ်တဲ့ ပါးဖောင်းဖောင်းနဲ့အစ်ကိုကြီးကို အားယွမ် မုန်းတယ်။ ပြီးတော့ နည်းနည်းကြောက်တယ်။ အရင်တုန်းက အိုကားစံက အားယွမ် ကိုထိန်းဖို့ဆိုပြီး ခေါ်လာလိုက်တဲ့လူတွေအားလုံးကို အားယွမ်ကပဲ ဖြဲခဲ့တာ။

STAI LEGGENDO
The Brightest Star (Zhanyi)
Fanfiction(Unicode) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး ..... (Zawgyi) နေဝင်သွားလည်း ညဘက်မှာကြယ်တွေအလင်းရောင်ရှိပါသေးတယ် မင်းကြည့် လောကကြီးက သိပ်မဆိုးသေးဘူး .....