Ep - 29

3.7K 510 73
                                    

(Unicode)

" ဘာလာလုပ်တာလဲ "

အားယွမ်ကို အခန်းထဲမှာ သိပ်နေတုန်း ဘာမပြောညာမပြောနဲ့ ဝင်လာတဲ့ ရှောင်းကျန့်။ ဟိုနေ့က ကိစ္စကတော့ ရိပေါ်အတွက်က ဘာမှမဟုတ်တော့သလို သူငယ်ချင်းတွေကိုလည်း အကြောင်းတစ်ခုခုပြပြီးဖြေရှင်းပြီးပြီမို့ ဘာပြသနာမှမရှိတော့။ရိပေါ်အတွက် ပြသနာရှိတာက ရှောင်းကျန့်ပင်။

" တာဝန်ယူဖို့လာတာ "

တစ်လ တစ်လရှိပြီ။ နေ့တိုင်းပဲ ဒီတာဝန်ယူမယ့်စကားပြောတုန်းပေမယ့် ရိပေါ်က လုံးဝလက်မခံဘူး။ ဒါပေမယ့်ရှောင်းကျန့်လည်းဇွဲမလျှော့ပါဘူး။

" ပြောပြီးပြီလေ တာဝန်ယူစရာလည်းမလိုဘူး ခင်ဗျားနဲ့လည်းမတွေ့ချင်ဘူးလို့ "

" မတွေ့လို့မှမရတာ တစ်အိမ်ထဲနေတာကို"

" မတတ်သာလို့သာတွေ့နေရတာ ခင်ဗျားမျက်နှာမမြင်ချင်ဘူး "

" စိမ်းကားလိုက်တာ "

ရှောင်းကျန့်က သနားကမားပုံစံနဲ့ကုတင်ခြေရင်းမှာလာထိုင်တယ်။

" ထွက်သွားပေးပါလား ကလေးအိပ်နေတယ် "

" ရိပေါ်စံထွက်မှ ထွက်မယ်လေ ။ မဟုတ်ရင် အတူတူအိပ်မလားလို့ "

အတူတူအိပ်မလားလို့ဆိုတဲ့စကားသံနဲ့အတူ ဟိုနေ့က အိပ်ယာပေါ်မှာတုန်းကအခြေအနေတွေကို မျက်လုံးထဲမှာပြန်ပေါ်လာတယ်။

" မအိပ် မအိပ်နိုင်ပါဘူး။ ရူးနေလား "

ရိပေါ်က ပြာပြာသလဲငြင်းတော့ ရှောင်းကျန့်က ရယ်တယ်။

" တိုးတိုးပြော။ ကလေးနိုးသွားမယ် "

" သူပဲပြောရတယ်ရှိသေးတယ် "

လောလောဆယ်က အားလုံးထက် အားယွမ်မနိုးဖို့က ပိုအရေးကြီးတာကြောင့်ပဲ ရိပေါ်လည်း အိပ်ခန်းထဲကနေထွက်လာလိုက်တယ်။ နောက်ကနေ ရှောင်းကျန့်လိုက်လာတာ သိသားပဲ။ ဒါပေမယ့်ဒီလူကိုဘယ်လိုမှရှောင်နေလို့မရဘူး။

တော်တော် စိတ်ရှုပ်ဖို့ကောင်းတဲ့လူ !

စိတ်ရှုပ်ဖို့ကောင်းတယ်ဆိုပေမယ့်ဒီတစ်လအတွင်း ရှောင်းကျန့်က ရိပေါ်စိတ်ညစ်အောင် တစ်ခါမှမလုပ်ဖူးဘူး။  တစ်ခါမှမရဖူးတဲ့ဂရုစိုက်မှုတွေကို ရှောင်းကျန့်ဆီက ရနေတာတော့ တကယ်။ စိတ်ရှုပ်နေရတဲ့ကြားက နည်းနည်းပျော်မိတယ်ဆိုရင် ဒါက အမှန်အတိုင်းပြောတာပဲ။

The Brightest Star (Zhanyi)Wo Geschichten leben. Entdecke jetzt